DVB Logo
Home
မြန်မာသတင်း
မိုးကုတ် အထက ၃ ကျောင်းထဲဗုံးကွဲ၊ စစ်သား ၃ ဦး ဒဏ်ရာရ
DVB
·
August 13, 2021
မိုးကုတ် အထက ၃ ကျောင်းထဲဗုံးကွဲ၊ စစ်သား ၃ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်က တပ်စွဲထားတဲ့ အထက ၃ စာသင်ကျောင်းထဲ သြဂုတ် ၁၃ ရက်နေ့ညနေ ၅ နာရီဝန်းကျင်က ဗုံးကွဲပြီး စစ်တပ်သား ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက "ကျောင်းဝင်းထဲမှာ  ဗုံးကွဲတာ၊ အသံတော့အကျယ်ကြီးပဲကြားတယ်၊ ထွက်လည်း မကြည့်ရဲဘူးလေ။ အဲ့မှာ စစ်သားတွေက သေနတ်တွေနဲ့ စောင့်နေတာ ထွက်မကြည့်ရဲဘူး။ သုံး​ယောက် ဒဏ်ရာရတယ်လို့ ကြားတယ်" လို့ ပြောပါတယ်။

မိုးကုတ်မြို့ အောင်ချမ်းသာရပ်ကွက်က အထက ၃ စာသင်ကျောင်းထဲမှာ စစ်ကောင်စီ တပ်သား အယောက် ၂၀၀ ဝန်းကျင် တပ်စွဲထားတာ သုံးလကျော်ကြာပြီလို့ သိရပါတယ်။

ဗုံးပေါက်မှုကြောင့် ကျောင်းဝင်းမှာလည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပြီး စစ်ကောင်စီတပ်က စာသင်ကျောင်းမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

​သြဂုတ် ၇ ရက်နေ့ကလည်း မိုးကုတ်မြို့ အချုပ်ထောင်မှာ ထောင်ဝင်စာတွေ့တဲ့ ထမင်းထုတ်ကနေ ဗုံးပေါက်တာကြောင့် ရဲတပ်သားသုံးဦး ဒဏ်ရာရပြီး ပြင်ဦးလွင် ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013