DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် သံဃာတော် ၁ ပါးအပါအဝင် ကိုဗစ်-၁၉ လူနာနှင့် သံသယလူနာ ၁၆ ဦး သေဆုံး
DVB
·
August 13, 2021
မန္တလေးတွင် သံဃာတော် ၁ ပါးအပါအဝင် ကိုဗစ်-၁၉ လူနာနှင့် သံသယလူနာ ၁၆ ဦး သေဆုံး
1 / 20
Donate to DVB

မန္တလေးမြို့မှာ သြဂုတ် ၁၂ ရက်က သံဃာတော်တစ်ပါး အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့  သံသယလူနာ ၁၆ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။

မန္တလေးဆေးရုံကြီးရင်ခွဲရုံမှ ကိုဗစ်လူနာ ၁၁ ဦး၊ မြို့တော်ဆေးရုံမှ ကိုဗစ်လူနာ ၂ ဦး၊ မန်းတောင်ရိပ်ခို ကိုဗစ်စင်တာမှာ သံဃာတော်တစ်ပါး၊ ချမ်းမြသာစည်ကိုဗစ်စင်တာမှ ကိုဗစ်လူနာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်သံသယလူနာ ၁ ဦး သေဆုံးခဲ့ရာ မြို့ခံပရဟိတအဖွဲ့တွေက အေးရိပ်ငြိမ်သုဿန်နဲ့ တောင်အင်းမြောက်အင်းသုသာန်သို့  ပို့ဆောင်သင်္ဂြိုဟ်ခဲ့ရပါတယ်။ 

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။

ဇူလိုင်လက တစ်ရက်လျှင် ကိုဗစ်လူနာ အယောက်  ၈၀ ကျော် သေဆုံးခဲ့ ပေမယ် သြဂုတ်ပထမအပတ်က နေ့စဉ် ကိုဗစ်လူနာ  အယောက် ၄၀ သာ ရှိခဲ့တယ်လို့  မြို့ခံပရဟိတအသင်းမှ သိရပါတယ်။

သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်၊ မန္တလေးမြို့မှာ ဇူလိုင်လအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo - ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေး / မြတ်သဒ္ဓါလူမှုနာမှုကူညီရေးအသင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013