DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကလေး ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
August 12, 2021
မြင်းခြံတွင် အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကလေး ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ အမည်မသိ လူတစ်စုက ဩဂုတ် ၁၂ ရက် မနက် ၇ နာရီ လောက်က သေနတ်နဲ့ လာရောက်ပစ်ခတ်လို့  လူ ၂ ဦး ဒဏ်ရာရရှိပြီး ၈ လသားအရွယ် မိန်းကလေး ၁ ဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အမှတ် ၄  ရပ်ကွက်က မုန့်ဟင်းခါးရောင်းတဲ့ ကိုငြိမ်းချမ်းကို ဒီနေ့မနက် ၇ နာရီ လောက်က နေအိမ်ရှေ့မှာ ၈ လ အရွယ်သမီးဖြစ်သူနဲ့ အတူရှိနေစဉ် အမည်မသိလူ ၄ ဦးက ဆိုင်ကယ် ၂ စီးနဲ့ရောက်ရှိလာပြီး  "မုန့်ဟင်းခါး ခေါက်ဆွဲရလား" လို့မေးကာ သေနတ်နဲ့ ၄ ချက် ပစ်ခတ်ပြီး ဆိုင်ကယ်မောင်း ထွက်ပြေးသွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အဆိုပါပစ်ခတ်ခံရမှုကြောင့် ကိုငြိမ်းချမ်းမှာ ယာဘက်လက်မောင်း ၁ ချက်၊ ဝဲလက်မောင်းရှပ်ထိ ၁ ချက် (မစိုးရိမ်ရ)၊ ဒဏ်ရာများရရှိပြီး ၈ လသမီး မငြိမ်းငြိမ်းမှာ နဖူးဖောက်ဝင် နောက်စေ့ဖောက်ထွက် သေနတ် ဒဏ်ရာနဲ့ သေဆုံးသွားပြီး အနီးက ဖြတ်သွားသူ အမျိုးသမီးတစ်ဦးမှာ ယာဘက်ခြေမျက်စိအောက် ဖောက်ဝင် ၁ ချက် (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာမှာ USA 380 AUTO တံဆိပ်ပါ ငွေရောင်ကျည်ခွံ ၂ ခွံနဲ့ ၁ တောင့်၊ USA 380 AUTO တံဆိပ်ပါ ကြေးရောင် ကျည်ခွံ ၂ ခွံနဲ့ ၂ တောင့် တွေ့ရှိတယ်လို့ သိရပါတယ်။

မြင်းခြံမြို့ အမှတ် ၂ ရဲစခန်းက (ပ)၈၈/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၇/၁၁၄ နဲ့ အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013