Home
မြန်မာသတင်း
ထားဝယ်တွင် ရဲတပ်ကြပ် ၁ ဦး သေနတ်ပစ်ခံရ
DVB
·
August 11, 2021
233467458_334808531761968_672798646781735978_n

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ ဩဂုတ် ၁၁ ရက်  ညနေ ၅ နာရီလောက်က  ဒေါင်းငူရပ်ကွက်၊ ထက်လင်းဗီဒီယိုရုံဟောင်းအနီး ရဲတပ်ကြပ် တစ်ဦးကို သေနတ်နဲ့ သုံးချက် ပစ်ခတ်ခဲ့​တယ်လို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) အဖွဲ့က ထုတ်ပြန်ပါတယ်။

သေနတ်ပစ်ခံရသူမှာ ရဲတပ်ကြပ် အောင်ဇင်ဌေးဖြစ်ပြီး သေနတ်သုံးချက်ထိမှန်ခဲ့ပေမယ့် သေဆုံးခဲ့တာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ရဲတပ်ကြပ်အောင်ဇင်ဌေးဟာ ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေကို ဖြိုခွင်းချိန်နဲ့ ဆန္ဒပြရာမှာ ပါဝင်သူတွေကို လိုက်လံဖမ်းဆီးရာမှာ ပါဝင်လေ့ရှိတယ်လို့ လည်းသိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024