DVB Logo
Home
မြန်မာသတင်း
ဒေါ်လာစျေး ၁၇၀၀ ကျပ် ၊ ရွှေစျေး တစ်ကျပ်သား ၁၅ သိန်း ၉ သောင်းဝန်းကျင်ပြန်တက်
DVB
·
August 11, 2021
ဒေါ်လာစျေး ၁၇၀၀ ကျပ် ၊ ရွှေစျေး တစ်ကျပ်သား ၁၅ သိန်း ၉ သောင်းဝန်းကျင်ပြန်တက်
Donate to DVB

စစ်ကောင်စီက ငွေစက္ကူအသစ်တွေထပ်မံရိုက်နှိပ်ဖြန့်ဝေသွားဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာထွက်ပေါ်လာပြီးတဲ့နောက် ဒေါ်လာစျေးပြန်မြင့်တက်လာကာ ဈေးနှုန်းအတက်အကျ မငြိမ်ဖြစ်နေတယ်လို့ ငွေစျေးကွက်က စုံစမ်းသိရပါတယ်။

လက်ရှိ ငွေကြေးဈေးကွက်အတွင်းမှာ ပြင်ပပေါက်ဈေး အမေရိကန် ၁ ဒေါ်လာကို ကျပ်ငွေ ၁၇၀၀ ကျော်ထိရောက်ရှိနေပြီး၊ ဝယ်လိုအားမြင့်တက်နေတယ်လို့ ပြည်တွင်း ငွေလဲလုပ်ငန်းတွေထံက စုံစမ်းသိရပါတယ်။

တစ်ချို့ငွေလဲကောင်တာတွေက ဈေးနှုန်းအတက်အကျ မတည်ငြိမ်တာကြောင့် ကောင်တာရှေ့အရောက်  ဖြစ်ပေါ်တဲ့ဈေးနှုန်းကိုပဲ အတည်ယူပြီ အရောင်း အဝယ်ပြုလုပ် နေကြပါတယ်။

မြန်မာ့ပို့ကုန်တင်ပို့မှု လျော့ကျနေတာကလည်း ကန်ဒေါ်လာစျေးပြန်လည်မြင့်တက်ပြီး၊ မြန်မာငွေ တန်ဖိုးကျဆင်းဖို့ အကြောင်းတစ်ချက်အနေနဲ့ ပါဝင်နိုင်သလို၊ ဝယ်လိုအား၊ ရောင်းလိုအား မမျှတတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။

ငွေကြေးဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ငွေလဲနှုန်းတွေကို ကြည့်မယ်ဆိုရင်  အာဏာမသိမ်းခင် ဇန်နဝါရီလက ဒေါ်လာတန်ဖိုး အမြင်ဆုံး ၁၃၅၅ ကျပ်သာရှိခဲ့ပေမယ့် မေလမှာ ၁၇၃၀ ထိ စံချိန်တင်မြင့် တက်ခဲ့ပါတယ်။

မေလအတွင်း စံချိန်တင် ကျပ်ငွေတန်ဖိုးကျဆင်းခဲ့ပြီးနောက် ဗဟိုဘဏ်အနေနဲ့ ကျပ်ငွေတန်ဖိုး အရှိန်အဟုန်နဲ့ကျဆင်းလာတာကို ထိန်းချုပ်ဖို့ ပထမဆုံးအကြိမ်ငွေလဲကောင်တာတွေက တဆင့် ဒေါ်လာ သန်းချီ အများပြည်သူထံ ထုတ်ရောင်းခဲ့ရပါတယ်။

အဲဒီနောက် ဇွန်လမှာ ဒေါ်လာတန်ဖိုး  ၁၆၂၅ကျပ်၊ ဇူလိုင်လမှာတော့ ကျပ် ၁၆၇၄ အမြင့်ဆုံးစျေး ပြန်ရောက်ခဲ့ပြီး၊ အခုသြဂုတ်လ ဒုတိယပတ်မှာ အမြင့်ဆုံးစျေး ၁၇၀၅ ကျပ်ထိ ပြန်လည်မြင့်တက်လာတာပါ။လက်ရှိမှာ ဒေါ်လာစျေးနဲ့အတူ ပြည်တွင်း ရွှေစျေးကလည်း တစ်ကျပ်သားကို ၁၅ သိန်း ၉ သောင်းဝန်းကျင်အထိ ပြန်မြင့်တက်နေပါတယ်။

ဗဟိုဘဏ်အနေနဲ့  ကျပ်ငွေတန်ဖိုး ကျဆင်းနေတာကို ထိန်းချုပ်ဖို့ ဇူလိုင်လအတွင်းက ကန်ဒေါ်လာ ၃၉သန်းအထိ စံချိန်တင်ထုတ်ရောင်းခဲ့ပေမဲ့စျေးကဆက်လက်မြင့်တက်နေခဲ့တာပါ။ အခုလ(သြဂုတ်) အတွင်းမှာလည်း စုစုပေါင်း ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းအထိ ရောင်းချထားပြီး ဖြစ်ပါတယ်။

ငွေစက္ကူအသစ်တွေ ဒီလအတွင်း ထပ်မံရိုက်နှိပ်ပြီး ဖြန့်ဝေသွားဖို့ရှိတယ်ဆိုတဲ့သတင်း မှန်ကန်မူ ရှိမရှိကိုတော့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013