DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းရောင်း ကိုဗစ်-၁၉ ကာကွယ်ကုသဆေးများ သတိပြုဝယ်ယူကြရန် ဆရာဝန်များပြော
DVB
·
August 11, 2021
အွန်လိုင်းရောင်း ကိုဗစ်-၁၉ ကာကွယ်ကုသဆေးများ သတိပြုဝယ်ယူကြရန် ဆရာဝန်များပြော
Donate to DVB

အွန်လိုင်းကနေ ရောင်းချနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ကုသဆေးတွေကို သတိပြုဝယ်ယူကြဖို့ ဆရာဝန်တွေက ပြောပါတယ်။ အအေးပေးစနစ်နဲ့ သယ်ယူရတဲ့ဆေးတွေကို စနစ်တကျ မသယ်လို့ အာနိသင် ပြယ်နေတာတွေ ရှိနိုင်သလို ဆေးဝါးအတုတွေလည်း ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံကနေ Covishield ကာကွယ်ဆေး အလုံးရေ သန်း ၃ဝ ဝယ်ယူထားပြီး ၂ သန်းကတော့ ရရှိထားပြီ ဖြစ်ပါတယ်။ အခု ကိုဗစ် တတိယလှိုင်းမှာ လူအများအပြား ကူးစက်သေဆုံးပြီးနောက် ကိုဗစ်ကာကွယ်ဆေးနဲ့ ကုသဆေးတွေကို လူတွေ စိတ်ဝင်စားလာကြပြီး အွန်လိုင်းကနေလည်း ရောင်းချလာနေကြတာပါ။

ဒါပေမဲ့ အအေးပေးစနစ်နဲ့ သယ်ရမဲ့ ဆေးတွေကို ရေခဲပုံးတွေထဲမှာ ရေခဲခြောက်နဲ့ သယ်ယူ ပို့ဆောင်နေကြတဲ့အပေါ်မှာတော့ ဝေဖန်တာတွေရှိနေပါတယ်။

မန္တလေးနယ်ခံ ဆရာဝန်တယောက်က “စိတ်မချရဘူးလို့ပဲ ပြောပါရစေ။ ကျန်းဦးစီးက ဝန်ထမ်းတွေ ခိုးထုတ်ရောင်းပြီး ထိုးပေးတာ ဆိုရင်တော့ ဆေးအစစ် ဖြစ်နိုင်ပါတယ်။ အဲဒီလိုင်းလည်း တကယ်ရှိတယ်ဗျ။ ခင်ရာမင်ကြောင်းပေါ့လေ။ အဲဒါဆိုရင်တော့ စိတ်ချရတယ်။ မနေ့ကတောင် ကျနော့်ဆီ ဆက်စပ်လာသေးတယ်။ တယောက်စာ ၁၆၀,၀၀၀ လို့ ပြောတာပဲ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၅ မျိုးရှိပြီး လက်ရှိမှာ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ၂ မျိုးကို တင်သွင်းနေပါတယ်။

ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ကိုဗစ်ကာကွယ်ဆေး တင်သွင်းခွင့်ပြုထားပေမဲ့ အခုအချိန်အထိ တော့ တင်သွင်းသူမရှိသေးဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတယောက်က ပြောဆိုပါတယ်။

ဆရာဝန်တယောက်က “အတုကလည်း အိန္ဒိယက လာတာပဲဗျ။ (ရေခဲပုံးနဲ့ အအေးပေးပြီး သယ်တာကတော့) လူတွေ ဝယ်ချင်အောင်ပေါ့ဗျာ။ ဘယ်လောက် ဒီဂရီနဲ့ သယ်ရမယ်ဆိုတာကတော့ ဆေးကို မတွေ့ဖူးတော့ သေချာမသိဘူး" လို့ ပြောပါတယ်။

လက်ရှိ အွန်လိုင်းဈေးကွက်မှာတော့ ကိုဗစ်ကုသဆေးတမျိုးဖြစ်တဲ့ Remdesivir ဆေးတစုံကို ကျပ် ၅ သိန်းကနေ ၆ သိန်းအထိ ရောင်းချနေကြပါတယ်။

ကာကွယ်ဆေး Covishield ကိုတော့ ၂ ကြိမ်စာကိုတော့ ကျပ် ၂၅၀,၀၀၀ နဲ့ ရောင်းချနေကြပါတယ်။

“စိတ်ချရသူဆီက ဝယ်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။ အခုက ကုမ္ပဏီကြီးတွေကလည်း မသွင်းကြသေးဘူး။ ဆေးဝါး သယ်ဆောင် သိုလှောင်တာမှာ အတွေ့အကြုံရှိသူတွေ လုပ်တာကတော့ ပိုကောင်းပါတယ်။ ဒီကာလမှာကတော့ စိတ်ချရသူဆီက ဝယ်ဖို့နဲ့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ပဲ တိုက်တွန်းချင်ပါတယ်” လို့ ဆရာဝန်တယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013