DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာကွယ်ဆေးထိုးနှံလိုသူ အစည်းအရုံးဝင်များ စာရင်းသွင်းနိုင်ကြောင်း ရုပ်ရှင်အစည်းအရုံး ထုတ်ပြန်
DVB
·
August 11, 2021
ကိုဗစ်ကာကွယ်ဆေးထိုးနှံလိုသူ အစည်းအရုံးဝင်များ စာရင်းသွင်းနိုင်ကြောင်း ရုပ်ရှင်အစည်းအရုံး ထုတ်ပြန်
Donate to DVB

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံလိုတဲ့ ရုပ်ရှင်အစည်းအရုံးဝင်တွေအနေနဲ့ စာရင်း သွင်းနိုင်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဩဂုတ် ၁၀ ရက်မှာ ထုတ်ပြန်ကြေညာ ထားပါတယ်။

လတ်တလော ဒီထုတ်ပြန်ချက်မှာတော့ အစည်းအရုံးဥက္ကဋ္ဌ ဘယ်သူဘယ်ဝါ မပါရှိပဲ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ရုပ်ရှင်လောကသားတွေ၊ အနု ပညာရှင်တွေကို ဖမ်းဝရမ်းထုတ်ထားလို့ ထွက်ပြေးတိမ်းရှောင်နေရတာတွေ၊ အကျဉ်း ထောင်တွေထဲမှာ ဖမ်းဆီးခံထားရချိန်မှာ ထုတ်ပြန်လိုက်တာမို့ ဝေဖန်မှုတွေလည်း မြင့် တက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား စစ်အာဏာသိမ်းမှုကို ပြည်သူလူထုက အပြင်းအထန်ကန့်ကွက်ရှုတ်ချနေချိန်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ သဘင်ပညာရှင်များအစည်းအရုံး စတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရေငုံနုတ်ပိတ်နေခဲ့တဲ့အတွက် အနုပညာရှင်တွေက  ရှုတ်ချဝေဖန်ခဲ့ကြပြီး  အစည်းအရုံးကနေ နုတ်ထွက်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းတုန်းကတော့ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ယာယီဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် ခန့်စည်သူကို တာဝန် ပေးအပ်ခဲ့ချိန်မှာ အနုပညာလောကသားတွေကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီး အလွှာအသီးသီးက သရုပ်ဆောင်အများအပြား ရုပ်ရှင်အစည်းအရုံးကနေ နုတ်ထွက်ခဲ့ကြပါတယ်။

အဲဒီနောက် ရက်ပိုင်းအတွင်းမှာပဲ ခန့်စည်သူက ဒီတာဝန်ကို ထမ်းဆောင်လိုခြင်း မရှိတော့လို့ တာဝန်မှပြန်ရုပ်သိမ်းပေးဖို့ အစည်းအရုံး နာယကတွေထံ အကြောင်းကြား စာပို့ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်အာဏာကို စစ်တပ်က လက်နက်အားကိုးနဲ့ တရားမဝင်သိမ်းယူလိုက်ပြီး နောက် နာမည်ကြီး အနုပညာရှင်တွေအတော်များများ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ၊ တရားစွဲခံရသူတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေ ရာနဲ့ချီ ရှိနေပါတယ်။

အဲဒီထဲမှာ ထင်ရှားသူတွေကတော့ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်၊ ရဲတိုက်စတဲ့ အနုပညာရှင်တွေ ပါဝင်ပြီး သူတို့ကို ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို အင်းစိန်ထောင်မှာ ဖမ်းဆီးထားပါတယ်။

လတ်တလောကာလမှာတော့ မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ကြောင့် ရောဂါကူးစက်ခံရသူရော၊ သေဆုံးသူတွေပါ တနေ့တခြား ပိုမိုမြင့်တက်နေတာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီက ကာကွယ်ဆေးထိုးနှံမှုတွေ လုပ်ဆောင်နေတာဖြစ်ကာ ဒါကို မယုံကြည်ကြတဲ့အတွက် ပြည်သူတွေအနေနဲ့ သွားရောက်ပြီးတော့ ကာကွယ်ဆေးထိုးနှံတာတွေလည်း နည်းပါးနေတာကို တွေ့ရပါတယ်။မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၂,၂၃၄ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၃၇,၅၆၁ ယောက် ရှိပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013