DVB Logo
Home
မြန်မာသတင်း
စစ်ကြောရေးတွင် ကိုဗစ်ကူးစက်ခံရပြီး သေဆုံးခဲ့သည့် CDM ဆရာဝန်အပါအဝင် ကျဆုံးပြည်သူ ၉၆၂ ဦးရှိလာ
DVB
·
August 10, 2021
စစ်ကြောရေးတွင် ကိုဗစ်ကူးစက်ခံရပြီး သေဆုံးခဲ့သည့် CDM ဆရာဝန်အပါအဝင် ကျဆုံးပြည်သူ ၉၆၂ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လကျော်အကြာ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၆၂ ယောက်ထိ ရှိ လာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၀၈၄ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၅၂၆ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်က တော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ ကတည်းက ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ မန္တလေးဆေးတက္ကသိုလ်၊ ခွဲစိတ်ကုပညာဌာနက ကထိက ဒေါက်တာ မောင်မောင်ငြိမ်းထွန်းဟာ ဩဂုတ် ၈ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ကျ ဆုံးသွားခဲ့ပါတယ်။

ဒေါက်တာမောင်မောင်ငြိမ်းထွန်းဟာ မန္တလေး နန်းတွင်းစစ်ကြောရေးမှာ ထိန်းသိမ်းခံထားရစဉ် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက သူ့ကို ဆေးရုံကို ပို့ဆောင်ဆေးကုသမပေးပဲ အမှတ် ၉ ရဲစခန်းမှာ သီတင်း ၂ ပတ်ကြာ ချုပ်နှောင် ထားခဲ့တာဖြစ်ကာ အဲဒီမှာ လုံလောက်တဲ့ ဆေးကုသမှုမရတာကြောင့် အခြေအနေပိုမို ဆိုး ရွားလာချိန်မှာ  ဆေးရုံကြီးဆီ တင်ပို့ကုသခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြလူငယ်တွေကို လက်ခံပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇူလိုင် ၁၀ ရက်နေ့ ကတည်းက ဖမ်းဆီးခံထားရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျွဲခြံကျေးရွာက ဦးမောင်ဌေးဟာလည်း  ဩဂုတ် ၉ ရက် မနက်ပိုင်းက မြင်းခြံအကျဉ်းထောင်အတွင်း ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။

ဦးမောင်ဌေးဟာ နှလုံးသွေးကြောကျဉ်း၊ သွေးတိုးရောဂါတွေနဲ့ ကျဆုံးသွာခဲ့တာလို့ အကျဉ်းဦးစီးဌာနက ပြောပေမယ့် ရုပ်အလောင်းကို အိတ်နဲ့ ထုတ်ထားပြီး မျက်နှာတခု သာ ကြည့်ခွင့်ပေးခဲ့တယ်လို့ သူ့ရဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အ သီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013