DVB Logo
Home
မြန်မာသတင်း
ပို့ကုန်ရငွေစာရင်းရှင်းရန်ကျန်နေသည့် ကုမ္ပဏီများကို ဗဟိုဘဏ် သတိပေး
DVB
·
August 9, 2021
ပို့ကုန်ရငွေစာရင်းရှင်းရန်ကျန်နေသည့် ကုမ္ပဏီများကို ဗဟိုဘဏ် သတိပေး
Donate to DVB

ပြည်ပပို့ကုန်တင်ပို့မှုကနေရတဲ့  ငွေတွေစာရင်းရှင်းလင်းဖို့ ကျန်ရှိနေတဲ့ကုမ္ပဏီပေါင်း ၄၇၀ ကျော်ကို  ဒီကနေ့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့မှစပြီး လာမည့် ရက်ပေါင်း ၃၀ အတွင်း စာရင်းရှင်းလင်းပေးကြဖို့  စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အချိန်ထပ်တိုးသတ်မှတ် ပေးလိုက်ပါတယ်။

စာရင်းရှင်းလင်းဖို့ သတ်မှတ်ထားတဲ့ အချိန်ဟာ ဩဂုတ် ၇ ရက်နေ့ စေ့မှာဖြစ်တယ်လို့ မူလက  သတ်မှတ်ထားပေမဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်နဲ့ ရုံးပိတ်ရက်တွေနဲ့ တိုက်ဆိုင်နေတာကြောင့် နောက်ထပ် တစ်လအချိန်ထပ်တိုးပေးလိုက်တာလို့လည်း ဆိုပါတယ်။ 

ဒီ့အတွက် ဗဟိုဘဏ်က ပြဋ္ဌာန်းထားရှိတဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ စာရင်းရှင်းလင်းဖို့ကျန်ရှိနေတဲ့ ကုမ္ပဏီတွေ အနေနဲ့ မိမိပို့ကုန်ရဝင်ငွေ ဝင်ရောက်ခဲ့တဲ့ ဘဏ်တွေနဲ့ ဆက်သွယ်စာရင်းရှင်းနိုင်ကြဖို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှတဆင့် ဆက်သွယ်အကြောင်း ကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။

တကယ်လို့ အဆိုပါရက်ကုန်ဆုံးတဲ့နေ့ရက်အထိ လာရောက်စာရင်းရှင်းလင်းခြင်းမရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ  လည်းကောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားပါတယ်။

ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ အရေးယူခံရပါက ပို့ကုန်သွင်းကုန် လုပ်ငန်းလိုင်စင်မှတ်ပုံတင် ဖျက်သိမ်းခံရနိုင်သလို  ကုမ္ပဏီကို ဖျက်သိမ်းတာနဲ့  အမည်ပျက်စာရင်း ကြေညာတာခံရနိုင်တယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူတဦးက ပြောပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက  “၂၀၁၈ က စာရင်းက မရှင်းနိုင်စရာ အကြောင်းတော့ မရှိပါဘူး။ အမှန်တကယ်တင်ပို့မှုမရှိလို့သာ မရှင်းနိုင်တာပါ။ ဘာလို့လဲဆိုတော့ နိုင်ငံခြားက ဝယ်လက်တဦးက ၂၀၁၈  က သူပေးလိုက်တဲ့ပိုက်ဆံကို ၂၀၁၉ အထိ ဘယ်နိုင်ငံခြားသားမျှ ထိုင်စောင့်မနေဘူး။ ဥပမာ ၂၀၁၈ ဇန်နဝါရီလမှာ ကုန်ဖိုးအတွက် ဒေါ်လာလွှဲလိုက်တယ်ပေါ့။ အဲ့ဒီဇန်နဝါရီလထဲမှာဘဲ အလွန်ဆုံး နှစ်ပတ်ဘဲ။ ဒီထက်ပိုမစောင့်ဘူး။ တင်ကိုတင်ပေးရတယ်။ဒါပေမဲ့ ၂၀၁၈ ဇန်နဝါရီမှာ ဝင်တဲ့ပိုက်ဆံက တလတောင်မခံဘူး။ အဲ့ဇန်နဝါရီလထဲမှာ ပြန်ရောင်းစားပြီးသွားပြီ။ ဆိုလိုတာက အခြား တခုခုကို (account transfer) အကောင့်လွဲပြောင်းပြီးသွားပြီ” လို့ပြောပါတယ်။

ပို့ကုန်ရငွေ စာရင်းရှင်းလင်းနိုင်ရေးနဲ့ပတ်သက်ပြီး ဗဟိုဘဏ်အပါအဝင် စီးပွားကူးသန်းဝန်ကြီးဌာန နှင့် ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တို့မှ သက်ဆိုင်ရာတာဝန်ရှိသူတွေက One Stop Service ပုံစံနဲ့ စာရင်းရှင်းလင်းဖို့ကျန်ရှိနေတဲ့ ကုမ္ပဏီတွေကို လက်ခံဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေအတွက် စာရင်းရှင်းလင်းဖို့ ကုမ္ပဏီပေါင်း ၄၇၇ ခုကျန်ရှိနေတယ်လို့ ဗဟိုဘဏ်ကနေ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013