DVB Logo
Home
မြန်မာသတင်း
လွတ်မြောက်နယ်မြေတွင် ပညာရေးသမဂ္ဂအင်အားစုများ ရှစ်လေးလုံး အောက်မေ့ဖွယ်အခမ်းအ နားကျင်းပ
DVB
·
August 8, 2021
လွတ်မြောက်နယ်မြေတွင် ပညာရေးသမဂ္ဂအင်အားစုများ ရှစ်လေးလုံး အောက်မေ့ဖွယ်အခမ်းအ နားကျင်းပ
1 / 5
Donate to DVB

ဩဂုတ် ၈ ရက်နေ့ ကျရောက်တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံ ၃၃ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို  လွတ်မြောက်နယ်မြေတစ်ခုမှာ ပညာရေးသမဂ္ဂအင်အားစုများ စုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီနှင့် အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတ်၊ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေအထွေသပိတ်ကော်မတီ၊ CDM ဝန်ထမ်းများ၊ တောင်ငူပညာရေး ဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ၊ ဘားအံပညာရေး ဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂတို့ စုပေါင်းပြုလုပ်ခဲ့ကြတာပါ။

အခမ်းအနားမှာ ဒီမိုကရေတိုက်ပွဲအတွင်းကျဆုံးလေပြီးသော သူရဲကောင်းအပေါင်းအား အလေးပြုတာ၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်တာ၊ ကမ္ဘာမကြေသီချင်း သံပြိုင်သီဆိုတာ၊ သွေးသစ္စာသီချင်းသံပြိုင်သီဆိုတာတွေ ပြုလုပ်ခဲ့ကြပြီး အခြေခံပညာရေးအထွေထွေသပိတ်ကော်မတီနဲ့ ပညာရေးဒီဂရီကောလိပ်အသီးသီးက ပေးပို့တဲ့သဝဏ်လွှာတွေ ဖတ်ကြားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013