DVB Logo
Home
မြန်မာသတင်း
CDM အတွက်အလှူငွေလက်ခံသည့် K Pay နှင့် Wave အကောင့်အချို့ ထိန်းချုပ်ခံရ
DVB
·
August 7, 2021
CDM အတွက်အလှူငွေလက်ခံသည့်  K Pay နှင့် Wave အကောင့်အချို့ ထိန်းချုပ်ခံရ
Donate to DVB

အာဏဖီဆန် CDM လှုပ်ရှားမှုအတွက်ထောက်ပံ့ဖို့ ငွေကြေးအကူအညီတွေလက်ခံနေရတဲ့ K Pay နဲ့ Wave ဒစ်ဂျစ်တယ်ငွေကြေးအကောင့်တချို့ အခုရက်ပိုင်းမှာ ထိန်းချုပ်အပိတ်ခံလိုက်ရတယ်လို့ အကောင့်ပိတ်ခံထားရသူတွေထံက  သိရပါတယ်။

CDM Medical Network အဖွဲ့အစည်းက သူတို့ရဲ့   K Pay  အကောင့်နဲ့ Wave  အကောင့်တွေကို ဘဏ်ကနေ ထိန်းချုပ်လုပ်ထားတဲ့ကြောင်း ဩဂုတ် ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာပါ။ 

ပိတ်ခံလိုက်ရတဲ့ အကောင့်ထဲက အောက်ဆီဂျင် concentrator အတွက် အလှူငွေ ကျပ်သိန်း ၂၀ ဝန်းကျင် ပါသွားခဲ့တာကြောင့် အလှူရှင်တွေအားလုံးကို  အနူးအညွတ် တောင်းပန်တဲ့အကြောင်း ရေးထားပါတယ်။

ဒါပေမဲ့ ကျန်တဲ့ အောက်ဆီဂျင် concentrator ၁၀ လုံးစာ ပမာဏကိုတော့ လုံခြုံစွာ သိမ်းထားနိုင်ခဲ့ကြောင်းနဲ့ လက်ရှိမှာတော့ အကြောင်းအမျိုးမျိုးကြောင့် စက်တွေက မရောက်ရှိသေးပေမယ့် စက်တွေရောက်ရှိလာတာနဲ့ ငွေချေပြီး စာရင်းရှင်းတမ်းကို ဖော်ပြပေးသွားမယ်လို့ ဆိုပါတယ်။

အခုတော့ CDM ထောက်ပံ့ကြေးအတွက် လက်ကျန်ငွေလေး အနည်းငယ်နဲ့ ကျားကန်ထောက်ပံ့ထားရင်း CDM အလှူငွေ ထပ်မံကောက်ခံဖို့ကို အစီအစဥ်အသစ်တွေနဲ့ ထပ်လုပ်မှာဖြစ်ပြီး လတ်တလောမှာ KPay နဲ့ Wave  အကောင့်တွေကို ငွေမလွှဲကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး မိုဘိုင်းငွေကြေးလုပ်ငန်းကျွမ်းကျင်သူတဦးက “ အမြဲတမ်း ကိုယ့် အကောင့်ကိုစောင့်ကြည့်ပါ။ ပမာဏများလာတော့မှ လိုတဲ့ နေရာကို တစ်ခါထဲ တန်းလှူလိုက်မယ်ဆိုပြီး မလုပ်ပါနဲ့။ တနာရီခြား တစ်ခါ လောက်  အကောင့်ကိုစစ်နေပြီး ရသလောက် လိုအပ်တဲ့ နေရာကို လွှဲထားပေးပါ။ လိုတဲ့နေရာကလဲ အလှူငွေ ရတာနဲ့ အကောင့် တစ်ခုထဲမှာ မသိမ်းထားပဲ ခွဲသိမ်းပြီး လိုတာ အကုန်မှာပါ၊ ၀ယ်ပါ။ ဒီလိုလုပ်မှသာ အလှူခံသူ၊ အလှူရှင်နဲ့ လှူဒါန်းမည့် နေရာ သုံးခုရဲ့ ကွင်းဆက်ဟာ ပြန်အဆင်ပြေလာပါလိမ့်မယ်လို့ “ သုံးသပ်ပြောပါတယ်။

အလားတူပဲ လိုအပ်သူတွေကို ကူညီလှူဒါန်းနေတဲ့  အမည်မဖော်လိုသူတဦးကလည်း KBZ Pay အကောင့် နှစ်ခုစလုံး ထိန်းချုပ်အပိတ်လိုက်ရတာကြောင့် သက်ဆိုင်ရာဘဏ်ကို ဆက်သွယ်မေးမြန်းတဲ့အခါတိကျတဲ့ အဖြေမရဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013