DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာထောင်က ဗကသကျောင်းသား ၄ ဦးကို ထောင်ဒဏ် ၁ လစီထပ်တိုး
DVB
·
August 7, 2021
မိတ္ထီလာထောင်က ဗကသကျောင်းသား ၄ ဦးကို ထောင်ဒဏ် ၁ လစီထပ်တိုး
Donate to DVB

မိတ္ထီလာအကျဉ်းထောင်မှာ ထောင်ဒဏ်ချမှခံထားရတဲ့ ဗကသကျောင်းသား ၄ ဦးဟာ ထောင်တွင်း ဆန္ဒပြဖို့  စည်းရုံးတာကြောင့် ဩဂုတ် ၆ ရက်မှာ ထောင်ဒဏ် ၁ လစီ ပြစ်ဒဏ် ထပ်တိုးလိုက်တယ်လို့ မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဆီက သိရပါတယ်။ 

အာဏာမသိမ်းခင်ကာလ မိတ္ထီလာမှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ဦးဆောင်ပြုလုပ်ခဲ့မှုတွေကြောင့် အဖမ်းခံလိုက်ရတဲ့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ကိုသန်းတိုးအောင်၊ ကိုဆန်းလင်းကို၊ ကိုအောင်သူဟိန်း နဲ့ ကိုနေရဲစိုးတို့ဟာ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။  

​ ရခိုင်အရေးလှုပ်ရှားမှုတွေကြောင့် ကိုသန်းတိုးအောင်၊ ကိုဆန်းလင်းကိုနဲ့ ကိုအောင်သူဟိန်း တို့ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်ကတည်းက ဖမ်းဆီးသွားခဲ့ပြီး ကိုနေရဲစိုးကိုတော့ ဖက်ဆစ်စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ  ဖမ်းဆီး လိုက်တာ ဖြစ်ပါတယ်။ 

မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)  ဒုဥက္ကဋ္ဌ  ကိုအောင်စွမ်းပြည့်ထွန်းက “မတရားမှုက ရှိနေသမျှ တော်လှန်ရေးက ရှိနေမှာပဲ။ ကျနော်တို့ ရဲဘော်တွေက ထောင်ကျနေတာတောင် ခိုင်မာတဲ့ စိတ်ဓာတ်မျိုးနဲ့ တော်လှန်နေတာ တွေ့ရလို့ ဝမ်းသာမိပါတယ်။ လူကိုသာ သတ်လို့ရမယ် တော်လှန်တဲ့စိတ်ဓာတ်ကို သတ်လို့မရဘူး။ ဒါ့ကြောင့် ထောင်ကျနေတဲ့ ရဲဘော်တွေနဲ့အတူတူ အပြင်မှာရှိတဲ့ ရဲဘော်တွေအားလုံး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ  ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုပါတယ်” လို့ ပြောပါတယ်။

ကိုသန်းတိုးအောင်နဲ့ ကိုအောင်သူဟိန်းဟာ မိတ္ထီလာတက္ကသိုလ် ဘူမိဗေဒ တတိယနှစ်၊ ကိုဆန်းလင်းကိုဟာ သမိုင်းအဝေးသင် ပထမနှစ်၊ ကိုနေရဲစိုးဟာ အဂ်လိပ်စာ တတိယနှစ် ကျောင်းသားတွေ ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013