DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်း ခြိမ်းခြောက်ခံရသဖြင့် လုံခြုံရေးတိုးမြှင့်ချပေး
DVB
·
August 6, 2021
သံအမတ်ကြီး ဦးကျော်မိုးထွန်း ခြိမ်းခြောက်ခံရသဖြင့် လုံခြုံရေးတိုးမြှင့်ချပေး
Donate to DVB

ခြိမ်းခြောက်မှုတခုကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် အမေရိကန်အာဏာပိုင်တွေက လုံခြုံရေးတိုးမြှင့်ချပေးထားတယ်လို့ ဦးကျော်မိုးထွန်းက သြဂုတ် ၄ ရက်နေ့မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။

သူဟာ ဒုက္ခပေးခံရမယ့် အခြေအနေတစ်ရပ်ကို ဩဂုတ် ၃ ရက်နေ့က သတိထားမိခဲ့တာဖြစ်ကြောင်းနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောဆိုခြင်း မရှိဘူးလို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို FBI ထံ မေးမြန်းခဲ့ရာမှာလည်း ချက်ချင်း မတုံ့ပြန်ဘူးလို့ဆိုပါတယ်။

သံအမတ်ကြီးအတွက် ကာကွယ်ရေး ဆောင်ရွက်ချက်တွေနဲ့ အသေးစိတ်တွေကို ကျနော်တို့  မဆွေးနွေးဘူးလို့လည်း အမေရိကန် အစိုးရဌာန ပြောခွင့်ရက ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာ့ရွေးကောက်ခံအရပ်သားအစိုးရကို ကိုယ်စားပြုသူဖြစ်ပြီး စစ်ခေါင်းဆောင်တွေက သူ့ကို ရာထူးက ဖယ်ရှားကြောင်း ကြေညာခဲ့ပေမယ့် ကုလသမဂ္ဂကတော့ စစ်အာဏာသိမ်းတာကို အသိအမှတ် မပြုတဲ့အတွက် သူဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျူးလွန်တဲ့ ရက်စက်ယုတ်မာမှုတွေ၊ သတ်ဖြတ်၊ ဖမ်းဆီးမှုတွဟာ လျော့သွားတဲ့လက္ခဏာ မရှိကြောင်း၊ သိပ်နောက်ကျမသွားခင် နိုင်ငံတကာ လူ့အဖွဲ့အစည်းက လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကြားဝင်စွက်ဖက်ပေးဖို့ ဦးကျော်မိုးထွန်း တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း ကနီမြို့ရှိ သစ်တောအတွင်း နှိပ်စက်ခံထားရတဲ့ ဒဏ်ရာရှိသူတွေ အပါအဝင် အလောင်း ၄၀ ထက် မနည်း ရှာတွေ့ခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်ထံ  စာရေးသားပို့ အစီရင်ခံထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ဦးကျော်မိုးထွန်းကို နိုင်ငံကို သစ္စာဖောက်မှုနဲ့ ရာထူးက ထုတ်ပယ်ကြောင်း ဖေဖော်ဝါရီမှာ ကြေညာခဲ့ပြီး မေလမှာတော့ စစ်တပ်ကခန့်တဲ့ နိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏမောင်လွင်က ကုလသမဂ္ဂသံအမတ်အဖြစ် ဦးအောင်သူရိန်ကို ခန့်အပ်ကြောင်း ကုလ အတွင်းရေးမှူးချုပ်ထံ စာရေးသား ပေးပို့ခဲ့ပါတယ်။

ဦးအောင်သူရိန်ဟာ ၁၉၉၅ ကနေ ၂၀၂၁ ခုနှစ်ထိ စစ်တပ်မှာ တာဝန်ထမ်းဆောင် ခဲ့သူပါ။ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့ အပြိုင်အဆိုင်တင်တဲ့ ဘယ်အဆိုကိုမဆို အဖွဲ့ဝင် ၉ယောက်ပါတဲ့ ကော်မတီက ဆုံးဖြတ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကိုတင်သွင်းမှာပါ။  ဒီကော်မတီဟာ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမတိုင်ခင် လာမယ့်လမှာ အစည်းအဝေးကျင်းပဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013