DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် မော်ချီး(လိုခါးလို) ဒေသကို Stay at Home အဖြစ် ကြေညာ
DVB
·
August 4, 2021
ကယားပြည်နယ် မော်ချီး(လိုခါးလို) ဒေသကို Stay at Home အဖြစ် ကြေညာ
Donate to DVB

ကယားပြည်နယ်က လူနေထူထပ်ပြီး ရွေ့ပြောင်းလုပ်သားအများစုနေထိုင်တဲ့ ဖားဆောင်းမြို့နယ် မော်ချီး (လိုခါးလို) ဒေသမှာ  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်နေတဲ့အတွက်  မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) အဖြစ် သတ်မှတ်ကြေညာလိုက်ပါတယ်။

ဖားဆောင်းမြို့နယ် မော်ချီး(လိုခါးလို) ဒေသမှာ ဇူလိုင် ၂၂ ရက်မှ ဩဂုတ် ၂ ရက်နေ့ အထိ  ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၁၇ ဦးရှိပြီး ပိုးကူးစက်နှုန်းမြင့်တက်နေလို့  အိမ်တွင်းမှာနေထိုင်ဖို့ သတ်မှတ်ကြေညာကြောင်း ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဩဂုတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြောလိုက်တာပါ။

နေအိမ်တွင်းနေထိုင်ရေး (Stay at Home) အစီအစဉ်မှာ အကျုံးဝင်တဲ့ပြည်သူတွေအနေနဲ့ မိမိနေအိမ်တွင်သာနေထိုင်ဖို့၊ မဖြစ်မနေ ဈေးဝယ်ဖို့ တအိမ်လျှင် တဦးသာသွားဖို့၊ ဆေးရုံ ဆေးခန်းသွားရောက်ဖို့ရှိပါက တအိမ်လျှင် နှစ်ဦးသာ သွားဖို့၊ နေအိမ်အပြင်သွားလာလျှင် mask တပ်ဖို့၊ ရပ်ကွက်ကျေးရွာအတွင်း ဈေးဝယ်ဖို့အတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်မှာ တစ်ဦး၊ ဆေးရုံ/ဆေးခန်းသွားရောက်တဲ့အခါ ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ဖို့  စတဲ့ စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။

ဒီထုတ်ပြန်ချက်အမိန့်စာကို ဩဂုတ် ၃ ရက်နေ့ ညနေ ၆ နာရီအချိန်ကစပြီး စတင်တင်သက်ရောက်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်မှာ ဇွန်လ ၂၉ ရက်မှ ဩဂုတ် ၃ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၆၈၄ ဦး ရှိပြီး ၃၀ ဦး သေဆုံးသွားကြောင်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖားဆောင်းမြိုနယ် အတွင်း ပိုးတွေ့လူနာ အယောက် ၁၂၀ ရှိပြီး ဒီအထဲက ဖားဆောင်းမြို့နယ်ဆေးရုံမှာ ၇ ဦး၊ လိုခါးလို တိုက်နယ်ဆေးရုံမှာ ၈ ဦးနဲ့ လိုခါးလို အ.ထ.က positive Medical Centre မှာ ၁၀၅ ဦး ထားရှိ ကုသပေးနေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013