DVB Logo
Home
မြန်မာသတင်း
စစ်ကြောရေးတွင် နှိပ်စက်ဒဏ်ရာများဖြင့် ကျဆုံးခဲ့သူ ဆုံရွာကုန်းရွာသား ကိုမိုးဇော်အပါအဝင် ကျဆုံးပြည်သူ ၉၄၆ ဦးရှိလာ
DVB
·
August 4, 2021
စစ်ကြောရေးတွင် နှိပ်စက်ဒဏ်ရာများဖြင့် ကျဆုံးခဲ့သူ ဆုံရွာကုန်းရွာသား ကိုမိုးဇော်အပါအဝင် ကျဆုံးပြည်သူ ၉၄၆ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လကျော်အကြာ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၄၆ ယောက်ထိ ရှိ လာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၀၃၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၄၇၈ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်က တော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တဲ့ မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆုံရွာကုန်းကျေးရွာမှ ရွာသား ၅ ယောက်ထဲက ၁ ယောက် ဖြစ်တဲ့ ကိုမိုးဇော်ဟာ စစ်ကြောရေးအတွင်းရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ဇူလိုင် ၃၁ ရက်နေ့က မြင်းခြံဆေးရုံကြီးမှာ ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။ ကိုမိုးဇော်ရဲ့ ကျောပြင်မှာ ဓား နဲ့ မွှန်း၊ ဆေးလိပ်မီးနဲ့ ထိုးခံထားရတဲ့ ဒဏ်ရာတွေ၊ ရင်ညွန့်နဲ့ ဝမ်းဗိုက်မှာ သေနတ်ဒင်နဲ့ ထုထောင်းခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားတဲ့ မကွေးတိုင်းဒေသ ကြီး၊ ရေစကြိုမြို့က ရဲတပ်သား ကိုဖြိုးဇော်ဟိန်းကို အရပ်ဝတ်နဲ့ ရဲတွေက ဩဂုတ် ၁ ရက်နေ့က ရိုက်နှက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ 

တရက်တည်းမှာပဲ နေပြည်တော်၊ ပျဉ်းမနား ဆိုင်ကယ်သပိတ်စစ်ကြောင်းမှာ ပါဝင် တဲ့ လူငယ် ၃ ယောက်ဖြစ်ကြတဲ့ ကိုစိုးသူရမိုး၊ ကိုအောင်မျိုးချစ်နဲ့ ကိုဇော်ခက်တို့ကိုလည်း အကြမ်းဖက် စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက ညအချိန် နေအိမ်တွေမှာ လိုက်လံ ဖမ်းဆီးခဲ့ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်စိန်ကိုလည်း အကြမ်းဖက် စစ်အုပ်စုက ဇူလိုင် ၃၀ ရက်နေ့ ညအချိန်က နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013