DVB Logo
Home
မြန်မာသတင်း
တရုတ်နယ်စပ်၌ ကွာရန်တင်းဝင်နေသည့် မြန်မာများကို ထမင်းလာမကျွေးသဖြင့် အခက်တွေ့
DVB
·
August 3, 2021
တရုတ်နယ်စပ်၌ ကွာရန်တင်းဝင်နေသည့် မြန်မာများကို ထမင်းလာမကျွေးသဖြင့် အခက်တွေ့
Donate to DVB

တရုတ်-မြန်မာ နယ်စပ်မြို့တွေမှာ  ကွာရန်တင်းဝင်နေရတဲ့  မြန်မာနိုင်ငံသားတချို့ကို သက်ဆိုင်ရာ စင်တာတာဝန်ရှိသူတွေက ထမင်းလာမကျွေးလို့ ဒုက္ခ‌ရောက်နေတဲ့အကြောင်း  လူမှုကွန်ရက်ကနေ အကူအညီ တောင်းထားပါတယ်။

ယူနန်ပြည်နယ် ရွှေလီမြို့က  ကွာရန်တင်းစင်တာတစ်ခုနဲ့  ဝမ်တိန်က ကွာရန်တင်းစင်တာ ၂ ခုမှာ ကွာရန်တင်း ဝင်နေကြတဲ့ မြန်မာတွေ အစားအစာ အဆင်မပြေလို့ အကူအညီတောင်းခံနေကြတာ ဖြစ်ပါတယ်။

ဝမ်တိန်မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးတစ်ဦးက  " အဆင်မပြေပါဘူးရှင့်။ အရမ်းဒုက္ခရောက်နေတယ်။ မနေ့ကဆို တနေ့လုံးမှ ခေါက်ဆွဲနှစ်ဘူးပို့ပေးတယ်။ ဒီနေ့လည်း တနေ့လုံးမှ ခေါက်ဆွဲတစ်ဘူးပဲ ပေးတယ်။ ရေလည်းမလာဘူး။ စင်တာကလူကြီးတွေဆီလည်း ဖုန်းဆက်တယ်။ ဘယ်လိုမှဆက်မရပါဘူး။ အော်ခေါ်ကြတယ်။ ဘယ်သူမှမလာပါဘူး။ ကလေးတွေရော လူကြီးတွေရောဒုက္ခရောက်နေပါတယ်။ ပိုက်ဆံပေးတဲ့သူရော မပေးတဲ့သူရောပါ။ ပြန်မယ်ဆိုတော့လည်း ပေးမပြန်ပါဘူးရှင့်။ ကူညီကြပါအုံးရှင့်။ ဝမ်တိန်ရဲစခန်းဖုန်းနံပါတ်လေးသိရင် ပြောခဲ့ကြပါဦးရှင့်။" လို့ လူမှုကွန်ရက်ကနေ ပြောပါတယ်။

အလားတူ ဝမ်တိန် စျေးနားလေးက ကွာရန်တင်းစင်တာမှာလည်း ထမင်းချက်တဲ့သူမှာ ကိုဗစ်ပိုးတွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  ထမင်းလာမပို့တာကြောင့် ဒုက္ခ ရောက်နေကြပါတယ်။

ရွှေလီမှာ ကွာရန်တင်းဝင်နေသူတွေနဲ့ နီးစပ်တဲ့ မိတ်ဆွေတစ်ဦးက "ရွှေလီမြို့ Q စင်တာမှာပါ။ သူတို့နေတဲ့အတန်းမှာတော့ မြန်မာနိုင်ငံသား ၅၀ ကျော်ရှိပါတယ်။ ဒီနေ့မနက်အထိ ထမင်း မကျွေးပါဘူး။ တချို့ပိုက်ဆံပေးထားတဲသူတွေလည်းထမင်းဘူး မရဘူး။ သူတို့တွေအထဲက လူတွေ ၂၄ ရက်ရှိနေပါပြီ။" လို့ ပြောပါတယ်။

တချို့တွေက ဘာမှ မစားရလို့ ရေသောက်နေရပြီး တချို့နေရာတွေကတော့ ခေါက်ဆွဲ ၂ ဘူးရရှိကြောင်း၊ မနက်စာမပေးဘဲ နေလည်စာခေါက်ဆွဲဘူးကို နေလယ် ၂ နာရီ ကျော်မှ ရတယ်လို့လည်း ပြောပါတယ်။

"Q စင်တာက လူကြီးတွေက လိုင်းပေါ်မတင်ရဘူးလို့ပြောထားပါတယ်။ တင်တာတွေ့ရင်တရုတ် Tiktok ID နံပါတ်နဲ့လိုက်ပါတယ်။ သူတို့တွေကတော်တော်မခံနိုင်လို့လိုင်းပေါ်တက် ပြောလာကြတာ။ ဒီနေ့မနက်ပြောလာတာ အိမ်သာရေပဲသောက်နေရတယ်လို့ပြောတယ်" လို့ သူက ရှင်းပြပါတယ်။

ရွှေလီမြို့ပြင် ဝမ်တိန်တံတားမရောက်ခင် ရွှေလီမှာ အရင်ဆုံး ဆောက်တဲ့ ကွာရန်တင်းစင်တာနဲ့ ရွှေလီက ကျေးလက်ဝါနိမ်သွားတဲ့ဘက် တောကြားထဲမှာရှိတဲ့ ကွာရန်တင်း စင်တာမှာ ရောက်ရှိနေသူတွေကလည်း အလားတူ ဒုက္ခရောက်နေကြောင်း အကူညီ တောင်းထားကြပါတယ်။

ထမင်းမပို့တာ ၂ ရက်ကျော်ပြီဖြစ်လို့ အော်ခေါ်တာတွေ၊ ဆန္ဒပြတာတွေပြုလုပ် တောင်းဆိုခဲ့ပေမဲ့ ကနေ့ ဩဂုတ်လ ၃ ရက်နေ့မနက်အထိတော့ ထမင်းစားစရာ လာမပို့သေးဘူးလို့ ဆိုပါတယ်။

ကျယ်ဂေါင်၊ ရွှေလီ၊ ဝမ်တိန် စတဲ့ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ တရုတ်နယ်စပ်မြို့တွေမှာ ဇူလိုင်လ ၄ ရက်နေ့ကစ ကိုဗစ် ကာကွယ် တားဆီး ထိန်းချုပ် ကုသရေးကို တရုတ်ဘက်က တင်းတင်း ကျပ်ကျပ် ဆောင်ရွက်နေတာဖြစ်ပါတယ်။

Pra Jaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013