DVB Logo
Home
မြန်မာသတင်း
လေဆိပ်ဆိုက်ရောက် ပြည်တွင်း၊ ပြည်ပခရီးသည်များ ကွာရန်တင်းဝင်ရန်မလိုတော့
DVB
·
May 1, 2022
လေဆိပ်ဆိုက်ရောက် ပြည်တွင်း၊ ပြည်ပခရီးသည်များ ကွာရန်တင်းဝင်ရန်မလိုတော့
Donate to DVB

မြန်မာနိုင်ငံကို လေကြောင်းခရီးနဲ့ ဝင်‎ရောက်လာမဲ့ မြန်မာနိုင်ငံသား၊ နိုင်ငံခြားသား ခရီးသွားတွေ မေ ၁ ရက်ကစပြီး ကွာရန်တင်း ဝင်စရာမလိုတော့ဘဲ Check & Go စနစ်နဲ့ ဝင်ရောက်ခွင့်ပြုသွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။

အရင်ကတော့ မြန်မာနိုင်ငံကို ဝင်ရောက်ရာမှာ လေဆိပ်မှာ RT-PCR နည်းနဲ့ ကိုဗစ် ရှိမရှိ စစ်ဆေးပြီး ရောဂါပိုး မတွေ့ပါက သတ်မှတ်ဟိုတယ်မှာ ကွာရန်တင်း တရက်နေရမယ်လို့ သတ်မှတ်ထားခဲ့တာပါ။

မေလ ၁ ရက်ကစပြီး အဲဒီအစား တနာရီအတွင်း ကိုဗစ်ဓာတ်ခွဲအဖြေရရှိနိုင်တဲ့ RDT နည်းနဲ့ ကိုဗစ်ရှိမရှိ စစ်ဆေးမှာ ဖြစ်ပြီး မရှိရင်တေ့ စီစဉ်ထားတဲ့အတိုင်း မိမိလိုရာ သွားနိုင်ပြီး ကိုဗစ်ပိုး တွေ့ခဲ့ရင်တော့ သတ်မှတ်ဆေးရုံ၊ ကွာရန်တင်း စင်တာ၊ သို့မဟုတ် ဟိုတယ်ကို ပို့ဆောင်ကုသမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီဌာနက ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၄ ရက်ကျော်က ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးကြောင်း လက်မှတ်၊ မြန်မာနိုင်ငံကို မဝင်ရောက်မီ ၇၂ နာရီအတွင်း RT- PCR နည်းနဲ့ စစ်ဆေးထားသည့် ကိုဗစ်မရှိ ကြောင်းအဖြေ၊ မြန်မာ့အာမခံလုပ်ငန်းထံက ဝယ်ယူထားတဲ့ ကျန်းမာရေးအာမခံအထောက်ထားတို့ ပါရှိဖို့ လိုအပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်တွေ၊နယ်စပ်ဝင်/ထွက်ဂိတ်တွေက ပြန်လည်ဝင်ရောက်လာသူတွေကို အရင်က ကိုဗစ်-၁၉ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှုမရှိပါက အသွားအလာ ကန့်သတ်ထားရှိမှု ၇ ရက်အစား မေလ ၁ ရက်ကစပြီး ၅ ရက်လို့  ပြင်ဆင်ဖြေလျှော့ သတ်မှတ်ထားပါတယ်။

အခုလို ကိုဗစ်ဆိုင်ရာ ခရီးသွားသတ်မှတ်ချက် ဖြေလျှော့မှုကို ခရီးသွား လုပ်ငန်းရှင်တွေက ကြိုဆိုကြပေမဲ့ လတ်တလောမှာတော့  အပန်းဖြေခရီးအနေနဲ့ လာရောက်မယ့် ခရီးသည်တွေ နည်းနိုင်ပြီး စီးပွားရေးလုပ်ငန်းနဲ့ လာရောက်မယ့် ခရီးသွားတွေပဲ လာရောက်နိုင်ဖွယ်ရှိသေးတယ်လို့ ဆိုကြပါတယ်ေ

ကိုဗစ်ကြောင့် ၂ နှစ်ကြာ ပိတ်ထားတဲ့ နိုင်ငံတကာလေကြောင်းလိုင်းတွေကို ဧပြီ ၁၇ ရက်က စပြီး ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံအချို့ကတော့ လက်ရှိ ပဋိပက္ခေတွေ ကြောင့် မြန်မာနိုင်ငံကို ခရီးသွားဖို့ မသင့်တဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားကြပါတယ်။

မြန်မာခရီးသွားလုပ်ငန်းကဏ္ဍမှာ လွန်ခဲ့တဲ့ ၂ လ၊ ၃ လလောက်က စတင်ပြီး ပြည်တွင်းခရီးသွားလာမူတွေ တိုးတက်လာပြီ မတ်လပိုင်းမှာ စတင်အရှိန်ကောင်းလာခဲ့ပါတယ်။

ခရီးစဉ်ဒေသတွေက ဟိုတယ်တွေ စားသောက်ဆိုင်လုပ်ငန်းတွေဟာလည်း ၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရာကနေ ပြန်လည် လည်ပတ်လာနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ ခရီးသွားဧည့်သည် ဝင်ရောက်မူ တိုးတက်လာဖို့ကတော့ အချိန်ကြာဦးမယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက မှတ်ချက်ပြုထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013