DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် နေ့စဉ် လူ ၁၀၀ ခန့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးနေ
DVB
·
August 3, 2021
မွန်ပြည်နယ်တွင် နေ့စဉ် လူ ၁၀၀ ခန့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးနေ
1 / 5
Donate to DVB

မွန်ပြည်နယ်မှာ တစ်ရက်ကို ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၀ နီးပါး သေဆုံးနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သုသာန်တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုဟာ ဇူလိုင် နောက်ဆုံးအပတ်မှာ အနည်းငယ် ကျဆင်းလာခဲ့ပေမယ့် သြဂုတ် ၁ ရက်နေ့ကစပြီး သေဆုံးမှုနှုန်း ပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

သြဂုတ် ၁ ရက်နေ့စကပြီး မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်မှာ တစ်ရက် ကိုဗစ်အတည်ပြုလူနာ ၁၀၀ နီးပါး သေဆုံးနေတာဖြစ်ပြီး မော်လမြိုင်မြို့နယ် တစ်ခုတည်းမှာပဲ သေဆုံးသူ တစ်ရက် ကိုဗစ်လူနာ ၅၀ နီးပါးရှိတယ်လို့  လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုဗစ်လူနာ သေဆုံးမှုတွေထဲမှာ  ဆေးရုံမှာ တက်ရောက်ကုသရင်း သေဆုံးနေတာထက်  နေအိမ်မှာ ကုသရင် သေဆုံးသူတွေ ပိုတိုးလာနေတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်လူနာတွေကို မော်လမြိုင်က ဗမာသုသာန်တစ်ခုတည်းမှာပဲ တစ်ရက်ကို လူနာ ၄၀ လောက် မီးသင်္ဂြိုဟ်ပေးနေရတယ်လို့ သုသာန်တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ကျန်းမာရေးဦးစီးဌာနကတော့ သြဂုတ် ၃ ရက်နေ့ထိ မွန်ပြည်နယ်တစ်ခုလုံးမှာ သေဆုံးသူ ၅၀၀ ကျော်သာ ရှိသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013