
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်မစတင်ခင် ပြင်ဆင်မှုတွေ ပြုလုပ်တဲ့အနေနဲ့ ကစားခဲ့တဲ့ ကွင်းပိတ်ခြေစမ်းပွဲမှာ ချန်ပီယံရှစ်ကလပ် ပို့စ်မောက်အသင်းကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
ဒီပွဲစဉ်ကိုတော့ စနေနေ့မွန်းလွဲပိုင်းက လေ့ကျင့်ရေးအစီအစဉ်တခုအနေနဲ့ လျှို့ဝှက်ကစားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ခံစစ်အဆိုးရွားဆုံးစံချိန်ကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း နည်းပြဖြစ်သူ ဇာဘီအလွန်ဆိုက ဒီခြေစမ်းပွဲမှာ အသင်းရဲ့ ကစားကွက်ပိုင်းဆိုင်ရာ တိုးတက်လာဖို့အတွက် အဓိကထားပြီး ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။










