DVB Logo
Home
မြန်မာသတင်း
ဖာပွန်မြို့နယ်တွင် ၁ လအတွင်း စစ်ကောင်စီတပ်နှင့် ကေအန်ယူ တိုက်ပွဲ ၁၃၄ ကြိမ်ဖြစ်ပွား
DVB
·
August 2, 2021
ဖာပွန်မြို့နယ်တွင် ၁ လအတွင်း စစ်ကောင်စီတပ်နှင့် ကေအန်ယူ တိုက်ပွဲ ၁၃၄ ကြိမ်ဖြစ်ပွား
1 / 13
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကေအန်အယ်လ်အေတို့  ၁ လအတွင်း တိုက်ပွဲပေါင်း ၁၃၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သြဂုတ် ၁ ရက်နေ့က ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁ ရက်နေ့ မှ ၃၁ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပေါင်း ၁၃၄ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး အရှင်ဖမ်းမိကာ ၁၁၅ ဦးသေဆုံးပြီး ၁၀၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကား ၂ စီးပျက်စီးပြီး မြင်း ၂ ကောင်သေဆုံးကာ ၄ ကောင်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့လက်အောက်ခံ နယ်ခြား စောင့်တပ် (BGF) တပ်ဖွဲ့တွေက ဒေသခံပြည်သူရဲ့ ကျေးရွာတွေထဲကို လက်နက်ကြီး ၂၅ လုံးပစ်ချခဲ့တဲ့အတွက် လူနေအိမ်နဲ့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါအပြင် အများပြည်သူသွားလာတဲ့လမ်းပေါ် မိုင်း ၇ လုံးထောင်ထားခဲ့ရာမှာ ကေအန်အယ်လ်အေ က တွေ့ရှိသိမ်းဆည်းရမိခဲ့သလို ဒေသခံပြည်သူတွေ မိုင်း ၄ လုံးနင်းမိခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင် ၂ ဦး အလင်း ပြန်ဝင်လာပြီး ကေအန်အယ်လ်အေဘက်က ရန်သူလက်နက် ၄ လက်သိမ်းဆည်းရမိခဲ့သလို တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

၁ လတာ တိုက်ပွဲအတွင်း ဒေသခံပြည်သူပိုင် ပစ္စည်းနဲ့တိရစ္ဆာန်တွေကို စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက လုယက်ယူဆောင်တာတွေ အများကြီးရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၂၇ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ကေအန်ယူ ထိန်းချုပ်နယ်မြေတွေမှာ စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာ၊ တပ်စခန်းတည်ဆောက်တာတွေကြောင့် နေ့စဥ်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသား ၂ သောင်းကျော် တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013