DVB Logo
Home
မြန်မာသတင်း
ဘုတလင် တွင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ အသတ်ခံရ
DVB
·
July 31, 2021
ဘုတလင် တွင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် တွင်းတောင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ ဇူလိုင် ၃၁ ရက် မနက် ၁၁ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ကျေးရွားသားတဦးက “ယောက်ျားက စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူးလည်းလုပ်တယ်။ ကျနော်တို့ရွာက သပိတ်စစ်ကြောင်းမှာ လိုက်တဲ့ လူငယ်လေးတွေကို စစ်‌တပ်ကိုခေါ်ပြီး ဖမ်းတာတွေလုပ်တယ်။ သပိတ်လိုက်တဲ့ သူတွေကို ခြိမ်းခြောက်တာတွေလည်း လုပ်တယ်။ နောက်ဆုံးဗျာ သပိတ်လိုက်လို့ အဖမ်းခံရတဲ့သူတွေကို မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး အာမခံပေးရင် ပြန်လွှတ်ပေးမယ်လို့ပြောတာတောင် အာမခံမပေးဘူး။ နောက်ပြီး ကျေးရွာထဲ ဘယ်သူဘာလုပ်တယ်၊ ဘာကိုင်တယ်ဆိုတာကို နေ့စဉ် မြို့နယ်ကို သတင်းပေးနေတာ။ သူ့မိန်းမကလည်း CDM မလုပ်တဲ့ ကျောင်းဆရာမတစ်ယောက်ပဲဗျာ ယောက်ျားနဲ့အတူတူပဲ။ ရွာပေါ်မှာ စစ်တပ်ကိုမထောက်ခံတဲသူဆိုရင် ရန်သူလို့မြင်တာ။” လို့ ပြောပါတယ်။

သေနတ်သံကြားပေမယ့် သွားမကြည့်ရဲကြတာကြောင့် ဘယ်သူ၊ ဘယ်အဖွဲ့က အခုလို ပစ်သတ်သွားတယ်ဆိုတာတော့ မသိကြဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ တွင်းတောင်ကျေးရွာကို စစ်တပ်နဲ့ ရဲတွေ အများအပြား ရောက်နေကြတယ်လို့ အမည်မဖော်လိုတဲ့ တွင်းကျေးရွာသားတစ်ဦးကပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း ကျေးရွားသားတွေက သတင်းပေးအဖြစ် သတ်မှတ်ထားတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာ ၂ ယောက်ရှိသွားပြီ  ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013