DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းနှင့် မန္တလေးတိုင်းရှိ ၁၀ မြို့နယ်ကို Stay at Home ထပ်တိုး၊ နိုင်ငံတဝန်း ၁၀၈ မြို့နယ်ရှိလာ
DVB
·
July 31, 2021
ပဲခူးတိုင်းနှင့် မန္တလေးတိုင်းရှိ ၁၀ မြို့နယ်ကို Stay at Home  ထပ်တိုး၊  နိုင်ငံတဝန်း ၁၀၈ မြို့နယ်ရှိလာ
Donate to DVB

ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်ကို Stay at Home  သတ်မှတ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်မှာ ကြေညာပါတယ်။

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းက မြစ်သား၊ မတ္တရာ၊ သပိတ်ကျင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ ငါန်းဇွန်၊ တောင်သာနဲ့ ပျော်ဘွယ်မြို့နယ်တို့မှာနေထိုင်တဲ့ ပြည်သူတွေ နေအိမ်မှာနေထိုင်ဖို့  Stay at Home သတ်မှတ်လိုက်တာဖြစ်ပါတယ်။

အဆိုပါမြို့နယ်တွေမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တွေ့ရှိမှု များပြားလာတဲ့အတွက်  Stay at Home အမိန့်ဟာ ဇူလိုင် ၃၁  ရက် မနက် ၄ နာရီကနေ စတင်သက်ဝင်မှာဖြစ်ပြီး အမိန့်လိုက်နာဖို့ ပျက်ကွက်သူတွေ တရားဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အမိန့်ထုတ်ပြန်ထားပါတယ်။

Stay at Home မြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ မိမိနေအိမ်တွင်သာနေထိုင်ကြဖို့ (အစိုး၇ဝန်ထမ်းများ ၊ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်သူများမပါ) မဖြစ်မနေစျေးဝယ်ထွက်ပါက တစ်အိမ်တစ်ယောက်သာထွက်ဖို့တွေ ညွှန်ကြားချက်မှာဖော်ပြပါတယ်။ 

အဆိုပါ မြို့နယ်တွေ ထပ်တိုးလာတာကြောင့် နိုင်ငံဝန်း Stay at Homeအဖြစ် အကျုံးဝင်သွားတဲ့ မြို့နယ်ပေါင်း ၁၀၈ မြို့နယ် ရှိလာပြီဖြစ်ပါတယ်။

Stay at Home မြို့နယ်တွေထဲမှာတော့ ရန်ကုန်တိုင်းက ၂၂ မြို့နယ်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၉ မြို့နယ်၊ ပဲခူးတိုင်းက ၁၅ မြို့နယ်၊ မကွေးတိုင်း ၁၄ မြို့နယ်၊ ရှမ်းပြည်နယ် ၉ မြို့နယ်၊ ဧရာဝတီတိုင်း က ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းက ၅ မြို့နယ်၊ ချင်းပြည်နယ်က ၅ မြို့နယ်၊ ကချင်ပြည်နယ် ၅ မြို့နယ်၊ မွန်ပြည်နယ်က ၃ မြို့နယ်၊ နေပြည်တော်က ၃ မြို့နယ်နဲ့ ကရင်ပြည်နယ်က ၁ မြို့နယ်တို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင် ၃၀ ရက်အထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၈,၉၄၂ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၉၄,၄၆၀ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013