DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်ဒေသများသို့ NUG က အကူအညီကျပ်သန်း ၇၀၀ ကျော် ထောက်ပံ့
DVB
·
July 30, 2021
တိုက်ပွဲဖြစ်ဒေသများသို့  NUG က အကူအညီကျပ်သန်း ၇၀၀ ကျော် ထောက်ပံ့
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)က  ရက်ပေါင်း ၁၀၀ အတွင်း  တိုက်ပွဲဖြစ် ဒေသတွေအပါအဝင် လိုအပ်တဲ့ ဒေသတွေဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီ ကျပ် ၇၁၅ ဒသမ ၄ သန်း ထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကနေ ဇူလိုင် ၂၄ ရက်နေ့အထိ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မင်းတပ်၊ ကရင်နီ၊ ဖယ်ခုံ၊ ဖလူ၊ ကင်းမ(ပေါက်)၊ ကျုံပျော် အပါအဝင် တနိုင်ငံလုံးလိုအပ်တဲ့ ဒေသတွေကို ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

       ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံတွင်းက စစ်ဘေးရှောင်တွေ၊ နေရပ်စွန့်ခွာ ဒုက္ခသည်တွေနဲ့ အာဏာရှင်စစ်ကောင်စီ ဖိနှိပ်မှုတွေကြောင့် ဘေးဒုက္ခရောက်နေကြတဲ့ ပြည်သူလူထုကို ထိရောက်စွာပံ့ပိုးကူညီနိုင်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေ ရရှိဖို့နဲ့ NUG ကို နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိစေဖို့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ပြည်တွင်းအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ နိုင်ငံတကာရောက် မြန်မာအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှု ၂၆ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ် တယ်လို့ ဆိုပါတယ်။

       ဒါ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင် နေကြသူတွေကို ပံ့ပိုးကူညီမှုအနေနဲ့ မိသားစု ၆၆၇ စုအတွက် ပထအမကြိမ် ပံ့ပိုးမှု ငွေ ကျပ် ၆၉ ဒသမ ၅ သန်းနဲ့ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကူးစက်ခံရသူ ဝန်ထမ်းတွေကို ဦး စားပေး ပံ့ပိုးကူညီမှုအနေနဲ့ မိသားစု ၂၆ စုအတွက် ငွေကျပ်၂ ဒသမ ၆ သန်း ပေးအပ်ခဲ့ တယ်လို့ ဆိုပါတယ်။       မြန်မာနိုင်ငံမှာတော့ မတရား စစ်အာဏာသိမ်းကာလဟာ ၆ လပြည့်တော့မှာ ဖြစ် ကာ ဒီကာလအတွင်း ပြည်တွင်းရေး မငြိမ်သက်မှုတွေနဲ့အတူ ကိုဗစ်-၁၉ တကျော့ပြန် ကူးစက်မှုတွေနဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဘက်ဘက်က အဆိုးဝါးဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013