DVB Logo
Home
မြန်မာသတင်း
ဆရာဝန်အချို့ ကိုဗစ်ကူးစက်ခံရသဖြင့် ကနီပြည်သူ့ဆေးရုံ ယာယီပိတ်
DVB
·
July 30, 2021
ဆရာဝန်အချို့ ကိုဗစ်ကူးစက်ခံရသဖြင့် ကနီပြည်သူ့ဆေးရုံ ယာယီပိတ်
Donate to DVB

ကနီမြို့နယ်ပြည်သူဆေးရုံက ဆရာဝန်ကြီးနဲ့ဓာတ်ခွဲဆရာဝန်တို့ ကိုဗစ်-၁၉ တွေ့ရှိတာကြောင့် ဆေးရုံကို ဇူလိုင် ၂၉ ရက် ညနေပိုင်းက ယာယီပိတ်လိုက်ရတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။

ဆေးရုံဝန်ထမ်းတဦးက “ကနီမြို့နယ်ဆေးရုံက ဆရာဝန်ကြီးနဲ့ ဓာတ်ခွဲဆရာမကြီး P ထိတာ။ ကျန်တဲ့ ဝန်ထမ်းတွေက contact ဆိုတော့ အကုန်းလုံး Quarantine ဝင်ရတယ်။အဲဒါကြောင့် ဇူလိုင် ၂၉ ရက်ညနေပိုင်းမှာ ကုသမှုတွေ အကုန်ရပ်ဆိုင်းလိုက်ရတယ်ပေါ့ဗျာ” လို့ ပြောပါတယ်။

ကနီမြို့နယ်တစ်ခုလုံး စစ်ကောင်စီက တပ်ရင်း ၃ ရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် ဒေသခံအလုံးအရင်း တော၊ တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အဲဒီလို ထွက်ပြေးနေရတာမို့ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနဲ့ နေထိုင်ဖို့ မဖြစ်နိုင်တာကြောင့် ရောဂါကူးဆက်တာလည်း  မြင့်တက်နေတယ်လို့ သိရပါတယ်။

ကနီမြို့နယ်အတွင်း ဇူလိုင် ၂၉ရက်အထိ ကိုဗစ်-၁၉ ရောဂါရှိသူ ၈၈ ဦး ရှိနေပြီး သေဆုံးသူ ၂ ဦး ရှိနေပါတယ်။

နယ်မြေမအေးချမ်းတာကြောင့် ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ မစစ်ဆေးနိုင်သလို လူသေဆုံးတာလည်း တရက်ထက် တရက် မြင့်လာနေတယ်လို့ ကနီမြို့နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013