Home
မြန်မာသတင်း
ဝိုင်းမော်မြို့တွင် တိုက်ပွဲဖြစ်၊ အမျိုးသား ၁ ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံး
DVB
·
July 30, 2021
227168495_2992336614427413_5832437145132463269_n

ကချင်ပြည်နယ် ဝိုင်းမော်မြို့ မဒိန်ကျေးရွာနဲ့ လဘန်ကျေးရွာကြား  ခြေလျင်တပ်ရင်း (ခ.လ.ရ) ၅၈  တပ်မှာ ဇူလိုင် ၂၉ ရက်ည ၁၀ နာရီခွဲက စတင်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က ခ.လ.ရ ၅၈ တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

မဒိန်ကျေးရွာနေ ပြည်သူတစ်ဦးက "ကြားရတာက ခလရ ၅၈ အနားကပဲ ည ၁၀ နာရီ ခွဲလောက်ကတည်းက စ ကြားရတယ်။ သေနတ်သံနဲ့ လက်နက်ကြီးသံတွေ ပစ်ခတ်နေတဲ့အသံတွေပေါ့" လို့  ပြောပါတယ်။

ပစ်ခတ်မှုတွေအတွင်း လဘန်ကျေးရွာရှိ ကုမ္ပဏီတစ်ခု ခြံဝင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အလုပ်သမားနှစ်ဦး ကျည်ဆန်ထိမှန်ကာ တစ်ဦး သေဆုံးသွားခဲ့ပါတယ်။

"ကုမ္ပဏီဝင်းထဲ လက်နက်ကြီးကျလာတယ်။ လက်နက်ကြီး ကျည်ထိတာ နှစ်ယောက် ထိတာ၊ ကိုအားလီကတော့ သေပြီ အသက် ၃၀ ကျော်လောက်ရှိတယ်" လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

ဝိုင်းမော်မြို့နယ် ဗလမင်းထင်တံတားအနီးမှာလည်း ဇူလိုင် ၇ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုကြောင့် တံတားအနီး သစ်သီးရောင်းသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024