
ထိုင်ဝမ်အမျိုးသားနေ့ အခမ်းအနားအတွက် လေ့ကျင့်ရင်း အောက်တိုဘာ ၆ ရက်က တိုင်ပေမြို့ပေါ်မှာ အမေရိကန်လုပ် ချီနွတ်ခ်ရဟတ်ယာဉ်အောက်ကနေ ပေကျင်းရဲ့ ကန့်ကွက်မှုကြောင့် နိုင်ငံတကာမှာ ပြသခွင့် ပိတ်ပင်ခံထားရတဲ့ ဧရာမအလံကြီးကို ချိတ်ဆွဲ ပျံသန်းခဲ့ပါတယ်။
ထိုင်ဝမ်စစ်တပ်ဟာ တရုတ်ဖိအားကို တုံ့ပြန်ဖို့ ၂၀၁၉ ခုနှစ်ကတည်းက အောက်တိုဘာ ၁၀ ရက်မှာ ကျရောက်တဲ့ အမျိုးသားနေ့တိုင်း သမ္မတရုံးပေါ်ကနေ နိုင်ငံတော်သီချင်းနဲ့အတူ ဒီအလံကို နှစ်စဉ် လွှင့်ထူပြသနေတာ ဖြစ်ပါတယ်။
တတိယအကြိမ်အဖြစ်ဒီတာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်မှူး လင်းချန်ချန်က အမှားအယွင်းမခံလို့ စိုးရိမ်ရပေမဲ့ အောင်မြင်စွာ ပြသနိုင်ချိန်မှာ ပင်ပန်းသမျှ ဂုဏ်ယူဝင့်ကြွားမှုနဲ့ အစားထိုးခံရတယ်လို့ ဆုန်းရှန်လေဆိပ်မှာ ရိုက်တာကို ပြောပါတယ်။
ဒီမိုကရေစီ ကျင့်သုံးနေတဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် အခိုင်အမာ ပြောဆိုနေတဲ့ တရုတ်က အိုလံပစ်မှာ “တရုတ်တိုင်ပေ” နာမည် သုံးခိုင်းတာအပြင် နိုင်ငံတကာနဲ့ ဆက်ဆံရေး မလုပ်နိုင်အောင် တားဆီးနေပါတယ်။
၁၉၁၁ ခုနှစ် တော်လှန်ရေးကနေ ဆင်းသက်လာတဲ့ ထိုင်ဝမ်ဟာ ၁၉၄၉ ပြည်တွင်းစစ်အပြီး ထွက်ပြေးလာခဲ့တဲ့ တရုတ်သမ္မတနိုင်ငံရဲ့ တရားဝင်အမည်နဲ့ အလံကို ဆက်လက်သုံးစွဲနေဆဲ ဖြစ်ပါတယ်။
၂၀၁၉ မှာ စတင်ခဲ့တဲ့ ပေ ၄၀ x ပေ ၆၀ ရှိ ဒီအလံကို လေထီးပစ္စည်းနဲ့ ပြုလုပ်ထားပြီး ပြည်တွင်းမှာ အငြင်းပွားစရာရှိပေမဲ့ မြို့ပေါ်ကနေ မြင်ရတာကတော့ ရင်ခုန်စရာနဲ့ ရင်နင့်စရာ ကောင်းလှပါတယ်။
“လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို ကိုယ်စားပြုတယ်လို့ ခံစားရတယ်” လို့ အီးကွန်မားစ် လုပ်ငန်းရှင် ရှောင်ရှောင်ချွန်းက ဆိုပါတယ်။
သမ္မတ လိုင်ချင်းတယ် ကတော့ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာ တရုတ်နဲ့ဆက်ဆံရေး အပါအဝင် မူဝါဒရည်မှန်းချက်တွေကို မိန့်ခွန်းပြောကြားသွားမှာ ဖြစ်ပါတယ်။
Source: Reuters











