DVB Logo
Home
မြန်မာသတင်း
အင်အားပြင်းငလျင်ကြောင့် ရေဦးမြို့၌ ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျ
DVB
·
July 29, 2021
အင်အားပြင်းငလျင်ကြောင့် ရေဦးမြို့၌ ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျ
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ဇူလိုင် ၂၉ ရက် ဒီညနေ ၃ နာရီကျော်လောက်က  လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် မင်္ဂလာရာမပရိယတ္တိစာသင်တိုက်နဲ့ ခရစ်ယာန်သီလရှင်ကျောင်းအကြားရှိ အုတ်တံတိုင်းပြိုကျခဲ့ ပါတယ်။

ပြင်းအား ရစ်ချ်တာစကေး ၆ဒသမ ၃ ရှိတဲ့ အင်အားပြင်းငလျင်ဟာ  သပိတ်ကျင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး  ငလျင်ကြောင့် အုတ်တံတိုင်း ၁၀ ခန်းလောက် ပြိုကျသွားခဲ့လို့ မြို့နယ် မီးသတ်က ကူညီဖယ်ရှားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းကလည်း ခင်ဦးမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့င လျင်ကြောင့် စေတီနဲ့ အဆောက်အအုံတချို့ ပြိုကျတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အင်အားပြင်ငလျင်ကို မန္တလေး၊ ပြင်ဦးလွင်၊ ရွှေဘို၊ နေပြည်တော်စတဲ့ ဒေသမှာ နေထိုင်သူတွေ သိရှိခံစားခဲ့ရပြီး  လူထိခိုက်သေဆုံးတဲ့ သတင်းတွေကတော့ မရရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013