DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့နယ် နောင်သျှင် နှင့် ဟိုင်းကွီရွာတွင် စစ်ဘေးရှောင် ၁၀၀ ကျော် အကူအညီလိုအပ်
DVB
·
July 29, 2021
ကျောက်မဲမြို့နယ် နောင်သျှင် နှင့် ဟိုင်းကွီရွာတွင် စစ်ဘေးရှောင် ၁၀၀ ကျော် အကူအညီလိုအပ်
1 / 8
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ ကျောက်မဲ နဲ့ သီပေါမြို့နယ်ထဲမှာ SSPP/SSA နဲ့ RCSS/SSA တို့ကြား ထိတွေ့ပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာထွက်ပြေးနေတဲ့ ရွာသားတွေ ခုထိအိမ်မပြန်နိုင်သေးဘဲ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

သီပေါမြို့နယ် တာလုံ နဲ့ နားစလောင်းကျေးရွာက ရွာသားတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကတည်းက ကျောက်မဲမြို့နယ် ပုံဝိုးဒေသ နောင်သျှင်ကျောင်းတိုက် နဲ့ ဟိုင်းကွီကျောင်း တိုက်မှာ ရောက်ရှိနေပြီး ဒီကနေ့ထိ အလှူရှင်မရှိသေးလို့ စားနပ်ရိက္ခာအကူအညီလိုနေတယ်လို့ အဲဒီရွာကိုရောက်ခဲ့တဲ့ ပုံဝိုးကျောင်းတိုက်ဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။ 

“စစ်ဘေးရှောင်က နောင်သျှင်ကျောင်းတိုက်မှာ ၈၀ ကျော်၊ ဟိုင်းကွီကျောင်းတိုက်မှာ ၃၀ ကျော် စုစုပေါင်း ၁၀၀ ကျော်ရှိတယ်။ သူတို့အဲဒီမှာရောက်နေတာ ၆ ရက်လောက်ရှိပေမယ့် အလှူရှင်မရှိသေးဘူး၊ ရွာကမြို့နဲ့ဝေးတာရော၊ ဖုန်းလိုင်းမမိတာတွေကြောင့် သူတို့ရောက်နေတာ လူတွေသိပ်မသိကြဘူး။ ရွာသားတွေကလည်း ဆက်သွယ်အကူအညီမတောင်းတတ်ဘူး၊ ကူညီသူ မရှိသေးဘူးဆိုလို့ ကနေ့မနက် ဘုန်းဘုန်းတို့ရောက်သွားတာ၊  ပုံဝိုးကနေ နောက်ထပ် ၁၅ မိုင်လောက်ထပ်သွားရသေးတယ်၊ ဘုန်းဘုန်းတို့ကိုတွေ့တော့ ဝမ်းနည်းဝမ်းသာ ငိုတဲ့သူကငိုပေါ့၊ ကျောင်းတိုက်က ရှိတဲ့ဆန်ဆီဆားတွေ သွားကူတာပေါ့။”

စစ်ဘေးရှောင်တွေမှာ အသက်ရွယ်ကြီးသူနဲ့ ကလေးတွေပါ ပါဝင်ပြီး ကလေးနို့မုန့်၊ စား နပ်ရိက္ခာအပြင် ဆပ်ပြာ၊ ဆေးဝါး၊ ဖိနပ်နဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါ တယ်။

ကျောက်မဲမြို့နယ် မိုင်းငေါ့ကျောင်းတိုက်မှာလည်း စစ်ဘေးရှောင် ၃၀၀ ကျော် ရောက်ရှိနေတာ ၁ လကျော်ပြီလို့ ကျောက်မဲရှမ်းစာပေယဉ်ကျေးမှုဥက္ကဋ္ဌ စိုင်းလှိုင်းဟန်က ပြောပါတယ်။ 

“မိုင်းငေါ့မှာရောက်နေတဲ့ စစ်ဘေးရှောင်ကတော့ တော့ဆန်အုပ်စုဘက်ကလာတာပါ၊ သူတို့ရောက်တာ ၁ လကျော်ပြီ၊ နယ်မြေမအေးချမ်းသေးလို့ မပြန်သေးဘူး။ အလှူရှင်တွေက ခုနောက်ပိုင်း ကိုဗစ်-၁၉ ကြောင့် အပြင်မထွက်ကြတာ၊ လာရင်လည်း ဖြတ်လာရတဲ့ မြို့ရွာတချို့မှာ အဝင်အထွက်ကန့်သတ်ထားတော့ အကူအညီတွေသိပ်မရောက်တော့ဘူး၊ ကျနော်တို့ကတော့ ဒီကနေ စားစရာတွေကို ကြိုးစားပြီး ကြုံသလိုပို့ပေးနေပါတယ်ခင်ဗျ။” 

ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်တွေကို ထောက်ပံ့ကူညီလိုပါက ကျောက်မဲရှမ်းစာပေယဉ်ကျေးမှုအသင်း ၀၉ ၂၅၉၂ ၅၂၀၄၂ နဲ့ ပုံဝိုးဆရာတော် ၀၉ ၆၇၇၃၂ ၆၉၈၀ /  ၀၉ ၆၆၂၉ ၅၄၈၈၈   တို့ကို ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013