DVB Logo
Home
မြန်မာသတင်း
မိုးမိတ်တွင် ပရဟိတအသင်းများအတွက် PPE ဝတ်စုံ လိုအပ်နေ
DVB
·
July 29, 2021
မိုးမိတ်တွင် ပရဟိတအသင်းများအတွက် PPE ဝတ်စုံ လိုအပ်နေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ဇူလိုင် ၂၉ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၁ ဦး ထိရှိလာပြီး လူနာတွေကို ကူညီပေးနေတဲ့ ပရဟိတအသင်းတွေအတွက် PPE ဝတ်စုံ လိုအပ်နေတယ်လို့ မိုးမိတ်ကိုဗစ်-၁၉ ကွပ်ကဲရေးရုံးကနေ သိရပါတယ်။

မိုးမိတ်မြို့မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃ ဦးသာရှိပြီး ပြည်သူကနေ ပြည်သူကို ကူညီနေရကာ အခက်ခဲများကို ပြေလည်အောင်ကြိုးစား ဆောင်ရွက်နေရပေမယ့် PPE ဝတ်စုံတွေတော့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

မိုးမိတ်မြို့မှာ ကွာရန်တင်းစင်တာ ယောကျ်ားလေးသီးသန့်၊ မိန်းကလေးသီးသန့် အဆောင်ခွဲထားပြီး ခရီးဝေးက ပြန်လာသူတွေအတွက် သီးသန့်အဆောင်ထားရှိထားတယ်လို့ သိရပါတယ်။

CDM ကျန်းမာရေးဝန်ထမ်းတွေရှိတာကြောင့် ဝန်ထမ်းတွေလိုအပ်နေပေမယ့် ရှိတဲ့သူနဲ့ အဆင်ပြေအောင်ဆောင်ရွက်နေပြီး ကွာရန်တင်းစင်တာမှာတော့ ကွာရန်တင်းဝင်ရမယ့်သူက ကိုယ့်စရိတ်နဲ့ကိုယ် နေရတယ်လို့ သိရပါတယ်။

မိုးမိတ်မြို့မှာ ဇူလိုင် ၂၉ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၁ ဦးထိရှိလာပြီး ၃ ဦး သေဆုံး၊ ၇ ဦး ဆေးရုံကနေ ဆင်းခွင့်ရပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013