Home
မြန်မာသတင်း
ရေဦးမြို့ပေါ်က သက်ကြီးဘိုးဘွားများအတွက် ကြက်ဥအလုံး ၅၀၀၀ ကျော်လှူဒါန်း
DVB
·
July 29, 2021
221707052_1178080759334975_6451368269471793185_n

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ဇူလိုင် ၂၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေကြောင့် အလုပ်အကိုင်တွေ မရှိသလောက်ဖြစ်နေပြီး အိမ်ပြင်ထွက်ဖို့ ပင်ခက်ခဲနေကြတာကြောင့်  ၂၀၀၃-၂၀၀၄ ပညာသင်နှစ် အထက (၁) ကျောင်းသားကျောင်းသူဟောင်းတွေက ကြက်ဥအလုံး ၅၁၀၀  ကုသိုလ်ပြုမျှဝေလှူဒါန်းခဲ့ကြပါတယ်။

ကျောင်းသားဟောင်းတစ်ဦးက “မြို့ပေါ်မှာရှိတဲ့ အငြိမ်းစား ဆရာကြီး ဆရာမကြီးတွေ၊ သက်ကြီး ရွယ်ကြီးတွေနဲ့ မှီခိုရာကင်းမဲ့နေသူတွေကို ပေးဝေဖို့ ကျောင်းသား ကျောင်သူဟောင်းတွေစုပြီး ကုသိုလ်ပြုတာပါ ကျနော်တို့ကိုယ်တိုင် အိမ်အရောက်လိုက်လံ ပေးဝေသွားမှာ” လို ပြောပါတယ်။

ရေးဦးမြို့မှာ ကိုဗစ်ကူးစက်ခံရသူများပြားလာတာကြောင့် မြို့ပေါ်မှာ အသွားအလာ မရှိတော့သလို့ ဈေးဆိုင်တွေအားလုံးလိုလိုလည်း ပိတ်ထားခဲ့ကြတာ တလခန့်ကြာမြင့်ပြီဖြစ်လို့ လက်လုပ်လက်စားတွေအတွက် စာရေးသောက်တာ အခက်အခဲတွေ အများကြီးဖြစ်နေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024