DVB Logo
Home
မြန်မာသတင်း
သြစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနယ်လ်ကို အင်းစိန်ထောင်တွင်း ဆေးထိုးပေးနေသည့် ဓာတ်ပုံ ထွက်ပေါ်
DVB
·
July 29, 2021
သြစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနယ်လ်ကို အင်းစိန်ထောင်တွင်း ဆေးထိုးပေးနေသည့် ဓာတ်ပုံ ထွက်ပေါ်
1 / 2
Donate to DVB

ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းမှာ ၆ လကြာလောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်ရဲ့ အကျဉ်းထောင်တွင်း  ပထမဆုံးဓာတ်ပုံတွေအဖြစ် ကိုဗစ် ကာကွယ်ဆေးထိုးခံနေရတဲ့ ဓာတ်ပုံ ၂ ပုံ ထွက်ပေါ်လာပါတယ်။ 

ရန်ကုန် အင်းစိန်ထောင်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါဟာ ပျံ့နှံ့နေကြောင်း သတင်းတွေ အခိုင်အမာ ထွက်ပေါ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး  ပါမောက္ခ ရှောင်တာနယ်လ်ရဲ့ ကာကွယ်ဆေးထိုးခံနေရပုံတွေကို စစ်တပ်အာဘော် The Global New Light of Myanmar မှ ထုတ်ဝေခဲ့တာပါ။

သတင်းစာထဲမှာတော့ ရှောင်တာနယ်လ်ရဲ့ နာမည်ကို မဖော်ပြထားပေမယ့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်မှာ ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကိုစတင်ခဲ့တယ်လို့ ကြေညာထားတဲ့သတင်းနဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာတာဖြစ်ပြီး ပထမဆုံးနေ့မှာ အကျဉ်းသား ၉၀၀၀ ကျော်ထဲက  ၆၁၀ ဟာ ထိုးဆေးနှံခဲ့တယ်လို့ဆိုပါတယ်။

အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ပထမဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေးတာ လို့ အကျဉ်းထောင်အရာရှိတဦးရဲ့ပြောဆိုချက်ကိုလည်းဖော်ပြထားသလို ထောင်ထဲမှာ ဗိုင်းရပ်စ်ကူးစက်မှု မရှိဘူးလို့ အခိုင်အမာ ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီ ပါတီ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းမှာ အကျဉ်းထောင်မှာထိမ်းသိမ်းခံနေရစဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူနေစဉ် မကြာသေးခင်မှ ကွယ်လွန်သွားခဲ့တာပါ။

ထိန်းသိမ်းခံထားရတဲ့ အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာ  အပါအ၀င် အနည်းဆုံး အကျဉ်းသား ၄၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ အကျဉ်းသားတွေအတွက် ရှေ့နေတွေက ပြောပါတယ်။

ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ပြီးခဲ့တဲ့ သောကြာနေ့က အင်းစိန်ထောင်တွင်း အကျဉ်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ 

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမှာရှိတဲ့ ရှောင်တာနယ်လ်ရဲ့ဇနီးကလည်း သူ့ခင်ပွန်းသည်မှာ အအေးမိနဲ့ တုပ်ကွေးရောဂါ လက္ခဏာတွေ ခံစားနေရလို့ သူ့ကိုပြန်လွှတ်ပေးဖို့ ဒါမှမဟုတ် အနည်းဆုံး သူ့ရဲ့ ကျန်းမာရေးအတွက် နေအိမ်အကျယ်ချုပ်ချထားဖို့အတွက် လွှဲပြောင်းပေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ထပ်ပြီး အသနားခံ လျှောက်ထားခဲ့ပါတယ်။

ပါမောက္ခရှောင်တာနယ်လ်ဟာ စစ်တပ်အာဏာသိမ််းပြီး ၅ ရက်အကြာ ဖေဖော်ဝါရီ ၆ ရက်ကတည်းက ဖမ်းဆီးထားတာဖြစ်ပြီး တရား၀င်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲထားတာပါ။ 

သူ့ရဲ့ရှေ့နေတွေ ပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်က စွဲဆိုထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့စွဲဆိုထားတဲ့ အမှုအတွက်  ရှောင်တာနယ်လ်ကို လိုအပ်တယ်လို့ ဆိုတယ်။ ဒါကြောင့် သူ့ကို အသက်ရှင်သန်နေဖို့ ပိုကောင်းအောင် လုပ်ပေးရပါမယ်လို့ ရှောင်တာနယ်လ်ရဲ့ ဇနီး ဟာဗျူက သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ပြီးခဲ့တဲ့အပတ်က ရေးသားထားပါတယ်။

သြစတြေးလျအစိုးရကလည်း  ရှောင်တာနယ်လ်ကို ပြန်လွှတ်ပေးဖို့ မြန်မာသံအမတ်ကို ထပ်ပြီးတောင်းဆိုထားပါတယ်။ သူအကျဉ်းကျခံနေရတာကို မတရားဖမ်းဆီးချုပ်နှောင်မှုအဖြစ် အစိုးရက သတ်မှတ်ထားတယ်လို့ သြစတြေးလျ နိုင်ငံခြားရေး၀န်ကြီး ကပြောကြားခဲ့ပါတယ်။

ထောင်ထဲမှာ အကျဉ်းသားတွေကိုထိုးပေးခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးတံဆိပ်ကို အစိုးရသတင်းစာမှာ မဖော်ပြထားပေမယ့် မြန်မာနိုင်ငံဟာ တရုတ်နဲ့ ရုရှားမှ ဆေးတွေကို ဝယ်ယူခဲ့ပြီး AstraZeneca တင်ပို့မှုလည်း ရှိထားပါတယ်။

ထောင်နံရံတွေရဲ့အပြင်ဘက်မှာတော့ ကိုဗစ်-၁၉ ကြောင့် အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးအခင်းအကျင်းကို ပိုရှုပ်ထွေးစေပြီး ဆန္ဒပြသူတွေလည်း ဆက်လက် သတ်ဖြတ်ခံနေရကာ စစ်တပ်နဲ့ တိုင်းရင်းသားအင်အားစုတွေအကြား ပဋိပက္ခတွေလည်း ပြန်လည် ပေါ်ပေါက်လာနေပါတယ်။

Photo- MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013