DVB Logo
Home
မြန်မာသတင်း
တောင်ဖြူတိုက်ပွဲတွင် မင်းကင်း PDF တပ်ဖွဲ့ဝင် ၅၇ ဦး ဖမ်းဆီးခံရ
DVB
·
July 29, 2021
တောင်ဖြူတိုက်ပွဲတွင် မင်းကင်း PDF တပ်ဖွဲ့ဝင် ၅၇ ဦး ဖမ်းဆီးခံရ
1 / 5
Donate to DVB

ဇူလိုင် ၂၈ ရက် မနက်က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်ဖြူတိုက်ပွဲမှာ မင်းကင်း PDF တပ်ဖွဲ့ဝင် ၅၇ ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ 

မင်းကင်း PDF အဖွဲ့ခေါင်းဆောင်တစ်ဦးက “ကျနော်တို့ မင်းကင်း PDF က ၅၇ ယောက် အဖမ်းခံလိုက်ရတယ်။ တောင်ဖြူကိုသွားတိုက်တယ်၊ အဲဒီဘက်ရွာကလူတွေက ညှိနှိုင်းမယ်ဆိုပြီး ရွာထဲခေါ်တယ်။ အဲဒါ ကျနော်တို့လူတွေ  လက်နက်တွေမပါဘဲ ရွာထဲ လိုက်သွားလိုက်တယ်၊ ရွာထဲရောက်တော့ စစ်ကောင်စီ မွေးထားတဲဒလန် လက်နက်ကိုင်ထားတဲ့လူတွေက ဝိုင်းဖမ်းလိုက်တယ်။ ဖမ်းပြီးတာနဲ့ မင်းကင်းမှာရှိတဲ့ စစ်တပ်ကို လှမ်းခေါ်တယ် စက်လှေနဲ့ ရောက်လာပြီးဖမ်းသွားတယ်။ ကျန်ခဲ့တဲ့ ၁၂ ယောက်က မယုံလို့မလိုက်သွားဘူး” လို့ ပြောပါတယ်။

မင်းကင်း PDF တပ်ဖွဲ့ဝင် ၅၇ ဦးလုံး လက်နက် တစုံတရာ မပါဘဲ ဖမ်းဆီးခံလိုက်ရတာကြောင့် သတ်ပစ်ခံရမှာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ မင်းကင်းမြို့နယ် ပန်းဆက်မှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရှိခဲ့တယ်လို့ မင်းကင်း PDF အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013