DVB Logo
Home
မြန်မာသတင်း
စင်ကာပူက မြန်မာကို အရေးပေါ်အောက်ဆီဂျင်အိုး ၂၀၀ လှူဒါန်းမည်
DVB
·
July 28, 2021
စင်ကာပူက မြန်မာကို အရေးပေါ်အောက်ဆီဂျင်အိုး ၂၀၀ လှူဒါန်းမည်
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလ မြန်မာနိုင်ငံမှာ လတ်တလော လိုအပ်ချက်မြင့်နေတဲ့ ၁၀ လီတာ အရေးပေါ် အောက်ဆီဂျင်အိုးအလုံးရေ ၂၀၀ ကို လှူဒါန်းသွားဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးက ဇူလိုင် ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ဒါဟာ ကိုဗစ်-၁၉ ရောဂါ အပြည်ပြည်ဆိုင်ရာ တုံ့ပြန်ရေး ရန်ပုံငွေမှ လူသားချင်း စာနာထောက်ထားရေးနဲ့ ထောက်ပံ့ကူညီရေးအစီအစဉ်အနေနဲ့ စင်ကာပူကြက်ခြေနီအသင်းကတဆင့် ထောက်ပံ့လှူဒါန်းမှာလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ လူနာတွေအနေနဲ့ လိုအပ်ချက်ဖြစ်နေတဲ့ အောက်ဆီဂျင်မလုံလောက်မှုကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာတွေ၊ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေနဲ့ ပြည်သူတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူဖြေရှင်းမှုမရှိတဲ့ အခြေအနေတွေနဲ့အတူ ဆေးရုံတွေမှာ ဆရာဝန်လုံလောက်မှု မရှိတာတွေကြောင့် လူနာတွေ တက်ရောက်ကုသနိုင်ဖို့ အခက်အခဲတွေလည်း ပိုမိုများပြားလာနေတာပါ။

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅,၀၀၀ နီးပါးနဲ့ စုစုပေါင်းကူးစက်ခံရသူ  ၂၈၀,၀၀၀ နီးပါးရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်ညမှာ ထုတ်ပြန်ပါတယ်။

လူနေထူထပ်တဲ့ မြို့တော်ရန်ကုန်က  သုသာန်တွေမှာတော့ ကိုဗစ်-၁၉ တတိယ လှိုင်းကာလအတွင်း နေ့စဉ်မီးသင်္ဂြိုဟ်ခဲ့ရတဲ့ ရုပ်အလောင်း ရာနဲ့ချီ ရှိနေတယ်လို့ နာရေး အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013