DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်မှတ်ကျော်လွန်၊ ညအချိန်​ရေကြီးနိုင် သတိပေးထား
DVB
·
July 28, 2021
ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်မှတ်ကျော်လွန်၊ ညအချိန်​ရေကြီးနိုင် သတိပေးထား
1 / 3
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ရောက်ရှိနေလို့  မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းနားနေထိုင်သူတွေ အထူးဂရုပြုနေထိုင်ကြဖို့ ပြည်နယ် မိုးဇလက သတိပေးနှိုးဆော်ထားပါတယ်။

ဇူလိုင် ၂၈ ရက် နေ့လယ် ၂ နာရီခွဲအချိန်တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၇၆၄ စင်တီမီတာကို ရောက်ရှိနေပြီး ဖြစ်တဲ့အတွက် ညအချိန် ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်လို့ အခုလို သတိပေးနှိုးဆော်ထားတာပါ။

ကရင်ပြည်နယ် မိုးဇလညွှန်ကြားရေးမှူး ဦးအောင်ကိုကိုက “သံလွင်မြစ်ရေက အမြန်ကြီးတက်တာမဟုတ်တဲ့အတွက် ရှောင်ချိန်တော့ရတယ်။ ဒါပေမဲ့ ညတွေမှာ ရေကြီးလာမှာ စိုးရိမ်ရတဲ့အတွက် အထူးဂရုစိုက်ဖို့တော့လိုတယ်” လို့ ပြောပါတယ်။

အမှတ် ၂ ရပ်ကွက် နေထိုင်သူတစ်ဦးက "အိမ်က နှစ်စဥ်ရေမြုပ်တယ်။ ဒီနှစ် ကယ်ဆယ်ရေးစခန်းကို သွားရမှာ ကြောက်နေပြီ။ မြဝတီရေဘေးတွေ သတင်းကြားရတော့ ရေနစ်မသေဘဲ ကိုဗစ်နဲ့ သေမှာကြောက်တယ်။ ဖြစ်နိုင်ရင် ကိုယ့်အိမ်မှာပဲ ကိုယ်နေချင်တယ်"လို့ ဆိုပါတယ်။

ဇူလိုင် ၂၆ ရက်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဟောင်သရောမြစ်၊ သောင်ရင်းမြစ်၊ လှိုင်းဘွဲချောင်း ရေလျှံမှုတွေကြောင့် လူနေအိမ်တွေ ရေကြီးနစ်မြုပ်ခဲ့ပါတယ်။

ရေကြီးမှုကြောင့် မြဝတီ၊ ကြာအင်းဆိပ်ကြီးနဲ့ လှိုင်းဘွဲ့မြို့တို့မှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပြီး လူဦးရေ ၁၀၀၀၀ လောက် ခိုလှုံနေရတယ်လို့ စစ်ကောင်စီရဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီဌာန (နေပြည်တော်)ရဲ့  ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013