DVB Logo
Home
မြန်မာသတင်း
မျှော်လင့်ခြင်းအသစ် မိဘမဲ့ဂေဟာတွင် အစားအသောက်နှင့် ဆေးဝါးအကူအညီလိုအပ်
DVB
·
July 28, 2021
မျှော်လင့်ခြင်းအသစ် မိဘမဲ့ဂေဟာတွင် အစားအသောက်နှင့် ဆေးဝါးအကူအညီလိုအပ်
Donate to DVB

ကချင်ပြည်နယ်  မြစ်ကြီးနား အေးမြသာယာ ရပ်ကွက်မှာရှိတဲ့ မျှော်လင့်ခြင်းအသစ် မိဘမဲ့ဂေဟာမှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ အုပ်ထိန်းသူတွေနဲ့ မိဘမဲ့ကလေး ၃၀ ကျော်အတွက် အစားအသောက်နဲ့ ဆေးဝါးအခက်အခဲ ကြုံနေတယ်လို့ သိရပါတယ်။

မိဘမဲ့ဂေဟာအတွင်း  ယခင်က နေ့စဉ်စားဝတ်နေရေးအတွက်  ပြည်တွင်းအလှူရှင်တွေနဲ့ ရပ်တည်ခဲ့ရပြီး ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာတော့ ပြည်တွင်း အလှူရှင်တွေနဲ့ အဖွဲ့အစည်းတွေ လာရောက်လှူဒါန်းတာ မရှိတဲ့အတွက် မိဘမဲ့ကလေးတွေ စားဝတ်နေရေး  အခက်အခဲဖြစ်နေကြတယ်လို့  မိဘမဲ့ဂေဟာ   အုပ်ထိန်းသူ ဦးအယ်လ်ဇော်မိုင်က ပြောပါတယ်။

“ဇွန်လလောက်ကတည်းက စားဝတ်နေရေး ခက်ခဲသွားတယ်။ အလှူရှင်တွေရဲ့  ဆိုင်တွေလည်းပိတ် စီးပွားရေးတွေလည်း ခက်ခဲနေတော့ ကျနော်တို့ ဂေဟာအတွက်လည်း များစွာ ခက်ခဲသွားတယ်။ ကျနော်တို့ ကလေးတွေလည်း ဘယ်မှမထွက်ဘဲ အထဲမှာပဲ နေရတယ်။ ကလေးတွေကို မနက်၊ နေ့လယ်၊ ညနေ ထမင်း ၃ နပ် ကျွေးးရတယ်။ မနက်ပိုင်း အဆာပြေကတော့ လျှော့ရတယ်။ ဆေးဝါးလည်း မလုံလောက်ဘူး။ အဓိကကတော့ ကလေးတွေအတွက် စားဝတ်နေရေးနဲ့ ဆေးဝါးပါ။”

မျှော်လင့်ခြင်းအသစ် မိဘမဲ့ဂေဟာက ကလေးငယ်တွေ  ဖျားနာတာတော့ မရှိသေးကြောင်း၊ ဂေဟာကို ပြင်ပကနေ လာရောက်တွေ့ဆုံတာနဲ့ စားစရာလာပေးသူတွေကို  ခြံစည်းရိုးအပြင်ကသာ တွေ့ဆုံပေးခွင့်ပြုတယ်လို့ ဆိုပါတယ်။

မျှော်လင့်ခြင်းအသစ်  မိဘမဲ့ဂေဟာကို ၂၀၀၇ ခုနှစ်က ကိုယ်ထူကိုယ်ထ တည်ထောင်ခဲ့ပြီး ပညာရေးအနေနဲ့ မူလတန်းကစပြီး တက္ကသိုလ်ဝင်တန်းအပါအဝင် နည်းပညာတက္ကသိုလ် တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေလည်းရှိတယ်လို့ ဂေဟာ တည်ထောင်သူတွေဆီက သိရပါတယ်။

မြစ်ကြီးနားမြို့နယ်မှာ မိဘမဲ့ဂေဟာ ၃၀ ကျော်ရှိတဲ့အနက် မျှော်လင့်ခြင်းအသစ် မိဘမဲ့ဂေဟာဟာ  အေအိုင်ဒီအက်စ်ရောဂါနဲ့ သေဆုံးသွားတဲ့  မိဘတွေရဲ့ ရင်သွေးငယ်တွေကို ရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြုစုစောင့်ရှောက်ပေးနေတဲ့ ဂေဟာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013