DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး မြန်မာကို အီးယူက ယူရို ၂ သန်း ကူညီမည်
DVB
·
July 28, 2021
ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး မြန်မာကို အီးယူက ယူရို ၂ သန်း ကူညီမည်
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွေ အလျင်အမြန်တိုးပွားလာမှုကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပကော်မရှင်ဟာ ရောဂါကူးစက်မှုကို တိုက်ဖျက်ဖို့ ကူညီလုပ်ဆောင်ဖို့ အရေးပေါ်အကူအညီ ယူရို ၂ သန်းကို စီစဉ်ထားပါတယ်။

အကျပ်အတည်းများ စီမံခန့်ခွဲမှုကော်မရှင်နာ ရာနက်ဇ်လေးနာချီက “အီးယူဟာ ဒီခက်ခဲတဲ့အချိန်မှာ မြန်မာပြည်သူတွေနဲ့အတူ စည်းလုံးညီညွတ်စွာ ရပ်တည်နေတယ်လို့ ပြောပါတယ်။ တိုင်းပြည်ထဲက ပြိုအက်နေတဲ့ ကျန်းမာရေးစနစ်ရဲ့ စိန်ခေါ်မှုတွေမှာ ဒီရန်ပုံငွေနဲ့အတူ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ကုသရာမှာ အထောက်အကူပြုဖို့ အီးယူက ကူညီပေးနေမယ်လို့လည်း ဆိုပါတယ်။ စစ်အုပ်စုက အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာပြည်သူတွေဟာ အနှံ့အပြား အကြမ်းဖက်မှုတွေကို ဆက်လက်ခံစားနေကြရပြီး ကျန်းမာရေးကဏ္ဍကို ပိုမိုပစ်မှတ်ထားခံနေရတဲ့ အပေါ် အကြီးအကျယ် စိုးရိမ်ပူပန်မိတယ်” လို့ ပြောပါတယ်။

အီးယူအနေနဲ့ ဒီတိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို လေးစားတဲ့အနေနဲ့ ဆေးဘက်ဆိုင်ရာ လုပ်သားများကို ကာကွယ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ လူတွေကို ကယ်ဆယ်ပေးဖို့ သူတို့ရဲ့အသက်တွေကို စွန့်စားလုပ်ဆောင်နေရပြီး သူတို့ရဲ့အလုပ်ကို ဘေးအန္တရာယ်ကင်းကင်း လုပ်ဆောင်နိုင်စေရမှာ ဖြစ်ပြီးတော့ ဆေးဘက်ဆိုင်ရာအဆောက်အဦတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိနိုင်စေဖို့အတွက်လည်း အာမခံချက်ပေးသင့်တယ်လို့ ဆိုပါတယ်။ 

အီးယူဟာ မြန်မာနိုင်ငံရှိ အားနည်းချက်ရှိသူတွေကို ဆက်လက်ထောက်ပံ့နေတယ်လို့လည်း ဆိုပါတယ်။

ဥရောပသမဂ္ဂဟာ အခုကြေညာလိုက်တဲ့ ရန်ပုံငွေအပြင် ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရှိ အိုးအိမ်စွန့်ခွာ တိမ်းရှောင်သူတွေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လူသားချင်းစာနာမှုအကူအညီအဖြစ် ယူရို ၂၀ ဒသမ ၅ သန်းကို ခွဲဝေချပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013