Home
မြန်မာသတင်း
မြဝတီမြို့က ရေဘေးဒုက္ခသည်စခန်းတွင် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မည့်အန္တရာယ်စိုးရိမ်
DVB
·
July 27, 2021
226699296_908123903381217_2796530555092336899_n
225759955_908124213381186_836705510246977023_n
225548016_908124090047865_4671012460885531233_n
224625522_908123983381209_1992314172873884692_n
224602299_908123840047890_770094892438905185_n
224542698_908123940047880_1679547771995306529_n
224264163_908123786714562_2442058204877710976_n
224229746_908124043381203_8035594168862118827_n
224117121_908124266714514_1835752381028451807_n
225548016_908124090047865_4671012460885531233_n

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ရေဘေးရှောင်ပြည်သူတွေအတွက် ယာယီဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေဟာ ကိုဗစ်-၁၉ စည်းကမ်းအတိုင်းဆောင်ရွက်ထားတာ မရှိတဲ့အတွက် ရောဂါကူးစက်ပြန့်ပွားမှာကို စိုးရိမ်တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ ညပိုင်းက သောင်ရင်းမြစ်ရေကြီးလို့ နေအိမ်ရေနစ်မြုပ်ခဲ့တဲ့ အမှတ် ၁၊ ၂ နဲ့ ၅ ရပ်ကွက်က အိမ်ထောင်စုဝင် ၁၀၀၀ ကျော်လောက်ဟာ ယာယီဖွင့်လှစ်ထားတဲ့ ကျွန်းတောရပ်က စာသင်ကျောင်း ၂ ကျောင်းမှာ သွားရောက် ခိုလှုံနေကြတာပါ။

မြဝတီမြို့၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက "ရေဘေး ကယ်ဆယ်ရေးစခန်းတွေမှာ ကိုဗစ်စည်းကမ်းအတိုင်း မပြင်ဆင်ရသေးတော့ ရေဘေးနဲ့ ကိုဗစ်က တော်တော်လေး ပြန်ထိန်းချုပ်ရမယ့် အနေအထားမှာဖြစ်သွားပြီ" လို့ ဆိုပါတယ်။

မြဝတီမြို့မှာ ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်နေချိန် ကူးစက်မှုထိန်းချုပ်နိုင်ဖို့ Stay At Home အစီအစဉ် သတ်မှတ်လုပ်ဆောင်နေရာက  ရေကြီးမှု ထပ်မံကြုံတွေ့ရတဲ့အတွက် ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမယ့် အနေအထားမှာရှိတယ်လို့ ရပ်ကွက်တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အမှတ် ၁ ရပ်ကွက်နေ ရေဘေးဒုက္ခသည်တစ်ဦးက  "ရေကြီးတာက နှစ်စဥ်ပုံမှန်ကြီးတယ်။ ရေကြီးမယ်ဆိုတာ သိသိနဲ့ ကြိုတင်ပြင်ဆင်တာ မရှိတော့ ရေဘေးကြောင့်မသေဘဲ  ကိုဗစ်ကူးစက်ခံရပြီး သေရမယ်ပုံစံ" လို့ ပြောပါတယ်။

ရေဘေးရှောင် ယာယီစခန်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အနီးကပ်ကြီးကြပ်ဖို့ တာဝန်ပေးထားတယ်လို့ မြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာ ကျော်လွန်ပြီး ၁၂၀၆ စင်တီမီတာကို ကျော်လွန်ရောက်ရှိနေတာကြောင့် မြေအနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ရေလွတ်ရာ အမြင့်ပိုင်းကို ရွှေ့ပြောင်းနေထိုင်ဖို့ ကရင်ပြည်နယ် မိုးဇလက သတိပေးနှိုးဆော်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024