DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ နှစ်လအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၃၃၇ ဦး၊ သေဆုံးသူ ၁၁၈ ဦးရှိ
DVB
·
July 27, 2021
ရခိုင်ပြည်နယ်၌ နှစ်လအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၃၃၇ ဦး၊ သေဆုံးသူ ၁၁၈ ဦးရှိ
Donate to DVB

ရခိုင်ပြည်နယ်မှာ  မေလ ၂၅ ရက်မှ ဇူလိုင် ၂၆ ရက်အထိ နှစ်လအတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၃၇ ယောက်ရှိပြီး သေဆုံးတဲ့သူ ၁၁၈ ယောက်ရှိတယ်လို့ ပြည်နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ကိုဗစ်ပိုးတွေ့လူနာတွေကတော့ စစ်တွေမြို့နယ်က ၄၅၂ ယောက်၊ ပုဏ္ဏားကျွန်းမြို့နယ်က အယောက်  ၃၀ ၊ ပေါက်တောမြို့နယ်က ၂၄ ယောက်၊ ရသေ့တောင်မြို့နယ်က ၂၂ ယောက်၊ မြောက်ဦးမြို့နယ်က ၆၃ ယောက်၊ ကျောက်တော်မြို့နယ်က ၉၄ ယောက်၊ မင်းပြားမြို့နယ်က ၂၆ ယောက်၊ မြေပုံမြို့နယ်က ၁၈ ယောက်ရှိပါတယ်။

ကျောက်ဖြူမြို့နယ်မှာတော့ အယောက် ၂၅၀၊ ရမ်းဗြဲမြို့နယ်က ၆၄ ယောက်၊ မာန်အောင်မြို့နယ်က ၃၃ ယောက်၊ အမ်းမြို့နယ်က ၇၈ ယောက်၊ သံတွဲမြို့နယ်က ၂၂၅ ယောက်၊ တောင်ဂုတ်မြို့နယ်က ၁၄၄ ယောက်၊ ဂွမြို့နယ်က ၃၀၁ယောက်၊ မောင်တောမြို့နယ်က ၄၁၆ ယောက်နဲ့ ဘူးသီးတောင်မြို့နယ်က ၉၇ ယောက်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ကိုဗစ် လူနာတွေထဲက ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီးတော့ ဆေးရုံကနေ ဆင်းခွင့်ရတဲ့သူ ၁၀၅၀ ယောက်ရှိပြီး ဆေးကုသမှုခံယူနေဆဲလူနာ ၁၁၆၉ ယောက်ရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ကျေးရွာတွေမှာ အနံပျောက်၊ ဖျားနာ၊ ချောင်းဆိုးတဲ့သူတွေများပြားနေပေမယ့် တိုက်နယ်အဆင့်ဆေးရုံတွေမှာ ကိုဗစ်စစ်ဆေးတဲ့ စင်တာတွေမရှိသလို ဆေးရုံသွားပြမှသာ သံသယလူနာအဖြစ် မြို့နယ်တွေကို လွှဲပြောင်ပေးတာဖြစ်လို့ ရောဂါကူးစက်နှုန်းများပြားနိုင်တယ်လို့ ဒေသခံက ပြောပါတယ်။

ပရဟိတအဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အလိုက် အောက်ဆီဂျင်ရရှိရေးနဲ့ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် အလှူငွေကောက်ခံတာတွေလုပ်ဆောင်နေသလို ရောဂါကွယ်ထိန်းချုပ်နိုင်ရေး အစွမ်းကုန် ကြိုးပမ်နေတယ်လို့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ဆိုပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် ရခိုင်အမျိုးသားအဖွဲချုပ် ULA/AA က ဇူလိုင်လ ၂၀ ရက်မှ  သြဂုတ် ၄ ရက်နေ့ထိ မိမိအိမ်မှာနေထိုင်ကြဖို့ Stay at Home ထုတ်ပြန်ချက်ကို ရခိုင်ပြည်သူအများစု လိုက်နာကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-PDYO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013