
ဘိုလီးဗီးယားနိုင်ငံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်တွေဟာ ကိုချာဘန်ဘာဒေသအတွင်း စစ်ဆင်ရေး ၆ ခု လုပ်ခဲ့ရာမှာ မူးယစ်ဆေးဝါး စုစုပေါင်း ၁,၁၇၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်တွေက ဧပြီ ၂၁ ရက်မှာ ပြောပါတယ်။
ဒီဖမ်းဆီးမှုတွေကြောင့် မူးယစ်ဆေးဝါး ကွန်ရက်တွေကို ခန့်မှန်းတန်ဖိုး ဒေါ်လာ ၂ ဒသမ ၆ သန်းလောက် ထိခိုက်မှု ဖြစ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုဖမ်းမိတဲ့အထဲမှာ ကိုကင်း ဟိုက်ဒရိုကလိုရိုက်၊ အခြေခံ ကိုကင်းအစိုတုံးတွေနဲ့ ဆေးခြောက်တွေ ပါဝင်တယ်လို့ လူမှုကာကွယ်ရေးနဲ့ ထိန်းချုပ်ပစ္စည်းများဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး အာနက်စတို ဂျက်စတင်နီယာနိုက ပြောပါတယ်။
ဒီစစ်ဆင်ရေးတွေကို ကိုချာဘန်ဘာဒေသရှိ အပူပိုင်းမြေနိမ့်ပိုင်းဖြစ်ပြီး ဘိုလီးဗီးယားရဲ့ အဓိက ကိုကာပင်စိုက်ပျိုးရာ အယ်လ်ချာပါရေးဒေသမှာ လုပ်ဆောင်ခဲ့ကာ ဒါဟာ နိုင်ငံတဝန်း မူးယစ်ဆေး ထုတ်လုပ်မှုနဲ့ ကူးသန်းရောင်းဝယ်မှုကို လျှော့ချဖို့ ဆက်တိုက်ကြိုးပမ်းနေတဲ့ လုပ်ငန်းစဉ် တစိတ်တပိုင်း ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
Source: Reuters










