Home
မြန်မာသတင်း
ထားဝယ်၊ သရက်ချောင်းနှင့် လောင်းလုံးမြို့တို့တွင် ရေကြီးရေလျှံ မြေပြိုမှုများဖြစ်
DVB
·
July 26, 2021
223666651_356263426220194_1282411570681031915_n
221706020_316974310109335_1931550828975709224_n
220320603_196766385743895_8671104919640557475_n
220167837_356262122886991_7346765429593929894_n
219717393_10158500674154370_3728766624588056042_n
219559671_10158500674244370_2242525416219985091_n
218410612_3013862998888101_6944229401604399033_n
217391645_950660669058378_415230926684018235_n
216490010_356262886220248_5640282673228373453_n
216391931_356263296220207_3016405228811954610_n
216343489_356262279553642_9194350910456640432_n
215382086_599707437681161_8127225692350528724_n
215021898_3006983922897615_508581102689281644_n
213094809_356263142886889_4588209722395832330_n

တနင်္သာရီတိုင်း ထားဝယ်၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့တို့မှာ  ပြီးခဲ့တဲ့ စနေ့ကနေစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်တာကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအတော်များများမှာ ရေကြီးရေလျှံပြီး မြေပြိုတာတွေ ဖြစ်နေပါတယ်။

ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်မှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး ပေါက်တိုင်းတံတားက ချောင်းရေမြင့်တက်တာကြောင့် ထားဝယ်-မြိတ် ကားလမ်းပေါ် ရေကျော်နေသလို ရပ်ကွက်တွေထဲမှာ ရေကြီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်မြို့ ပကာရီကျေးရွာမှာလည်း ရေကြီးရေလျှံဖြစ်နေသလို ရဲစခန်းအနီးမှာလည်း မြေပြိုနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ပကာရီရွာမှာ နေထိုင်သူတဦးက ပြောပါတယ်။

“နည်းနည်းချင်း ပြိုကျနေတာ ၅ ရက်လောက်ရှိပြီ၊ အခု မိုးက အရမ်းသည်းတော့ အများကြီး ပြိုဆင်းလာတယ်။ မနေ့ကလည်း အများကြီးပြိုတယ်။ အိမ်နဲ့ဆိုင် တွဲဖွင့်ထားတဲ့ ဆိုင်ကယ်ပြင်ဆိုင်တဆိုင်တော့ ပျက်စီးသွားတယ်၊ အဲမှာရှိတဲ့ လူငယ် ၂ ယောက် ထွက်ပြေးတာမြန်လို့ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ နှစ်စဉ်ရေကြီးတာ၊ ဒါပေမယ် မြေပြိုတာကတော့ မရှိသလောက်ပဲ ဒီနှစ်မှ ပြိုတာ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရေကြီးနစ်မြုပ်တဲ့ နေအိမ်အချို့က နီးစပ်ရာ ဆွေမျိုးတွေ နေအိမ်မှာ သွားရောက်နေထိုင်ကြတယ်လို့ ဆိုပါတယ်။

သရက်ချောင်းမြို့ ကျွဲခြံရွာမှာလည်း ရေကြီးနေပြီး နေအိမ် ၁၀ လုံးလောက် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒီနေ့မနက်အထိ ရေပြန်မကျသေးဘဲ လတ်တလောမှာတော့ နေအိမ်တွေ ပြောင်းရွှေ့ရတာ မရှိသေးဘူးလို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အင်းနီရွာမှာလည်း ဇူလိုင် ၂၅ ရက် မွန်းလွဲ ၂ နာရီလောက်က မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် မြေပြိုပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဓာတ်ပုံ - ဖေ့စ်ဘွတ်ခ် (ဒေါ်မိုး၊ ထားဝယ်မမခိုင်funny၊ ကျော်မင်းထိုက်)

ကျောက်မော်ရပ်ကွက်၊ ပကာရီကျေးရွာ၊ ကျွဲခြံရွာတို့တွင် ရေကြီးနေသည့်မြင်ကွင်းများ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024