DVB Logo
Home
မြန်မာသတင်း
နေပြည်တော်၊ မကွေးနှင့် ရှမ်းပြည်နယ်ရှိ၇ မြို့နယ်တွင် Stay at Home အမိန့် ထပ်တိုးထုတ်ပြန်
DVB
·
July 26, 2021
နေပြည်တော်၊ မကွေးနှင့် ရှမ်းပြည်နယ်ရှိ၇ မြို့နယ်တွင် Stay at Home အမိန့် ထပ်တိုးထုတ်ပြန်
Donate to DVB

နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်ကို Stay at Home  သတ်မှတ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်မှာ ကြေညာပါတယ်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်က လယ်ဝေးမြို့နယ်၊ မကွေးတိုင်းဒေသကြီးက  ပွင့်ဖြူ၊ မင်းဘူးနဲ့ အောင်လံမြို့နယ်တို့အပြင်  ရှမ်းပြည်နယ်က  ညောင်ရွှေ ၊ တောင်ကြီးနဲ့ ရပ်စောက်မြို့နယ်တို့မှာနေထိုင်တဲ့ ပြည်သူတွေ နေအိမ်မှာနေထိုင်ဖို့  Stay at Home သတ်မှတ်လိုက်တာဖြစ်ပါတယ်။

အဆိုပါမြို့နယ်တွေမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တွေ့ရှိမှု များပြားလာတဲ့အတွက်  Stay at Home အမိန့်ဟာ ဇူလိုင် ၂၆ ရက် မနက် ၄ နာရီကနေ စတင်သက်ဝင်မှာဖြစ်ပြီး အမိန့်လိုက်နာဖို့ ပျက်ကွက်သူတွေ တရားဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အမိန့်ထုတ်ပြန်ထားပါတယ်။

Stay at Home မြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ မိမိနေအိမ်တွင်သာနေထိုင်ကြဖို့ (အစိုး၇ဝန်ထမ်းများ ၊ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်သူများမပါ) မဖြစ်မနေစျေးဝယ်ထွက်ပါက တစ်အိမ်တစ်ယောက်သာထွက်ဖို့တွေ ညွှန်ကြားချက်မှာဖော်ပြပါတယ်။ 

အခုအခါ မြန်မာနိုင်ငံတဝန်းမှာ  Stay at Home အမိန့်ထုတ်ထားတဲ့ မြို့နယ်ပေါင်း ၉၃ မြို့နယ် ရှိသွားပြီ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ  ၂၂ မြို့နယ်နဲ့  အများဆုံးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၇၀,၀၀၀ နီးပါးနဲ့ သေဆုံးသူပေါင်း ၇,၀၀၀ ကျော်ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ဇူလိုင် ၂၅ ရက်ညမှာ ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013