DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရက်တည်း ကိုဗစ်ပိုးတွေ့လူနာ ၁၅၀၀၀ ကျော် အမြင့်ဆုံးစံချိန်တင်၊ စုစုပေါင်း ၅ သိန်းနီးပါးရှိလာ
DVB
·
July 26, 2021
ထိုင်းတွင် တရက်တည်း ကိုဗစ်ပိုးတွေ့လူနာ ၁၅၀၀၀ ကျော် အမြင့်ဆုံးစံချိန်တင်၊ စုစုပေါင်း ၅ သိန်းနီးပါးရှိလာ
Donate to DVB

ထိုင်းနိုင်ငံမှာ တရက်တည်း စံချိန်တင် ရောဂါကူးစက်မှုအသစ် ၁၅,၃၇၆ ယောက်နဲ့ ထပ်မံပြီးတော့ အမြင့်ဆုံးစံချိန်တင်ခဲ့တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရောဂါကူးစက်မှုအသစ်တွေထဲမှာ ၁,၀၄၁ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အ ကျဉ်းထောင်တွေက ပါဝင်နေတာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလို့ ဆေးရုံက ဆင်း ခွင့်ရသူအရေအတွက်ကတော့ ၆,၇၈၂ ယောက်နဲ့ သေဆုံးသူ ၈၇ ယောက် ရှိခဲ့တယ်လို့ ဆို ပါတယ်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၄၉၇,၃၀၂ ယောက်နဲ့ သေဆုံးသူပေါင်း ၄,၀၅၉ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

Worldometer အင်တာနက်စာမျက်နှာပေါ်မှာတော့ လက်ရှိအချိန်ထိ ကမ္ဘာတဝန်း ကိုဗစ် -၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၉၄ ဒသမ ၇၉ သန်းကျော်လာခဲ့ပြီလို့ ဆိုပါတယ်။

  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေထဲက ၁၇၆ ဒသမ ၇၄ သန်းကတော့ ရောဂါ ပြန်လည်ပျောက်ကင်းသက်သာလာပြီး သေဆုံးသူပေါင်း ၄ ဒသမ ၁၇ သန်းကျော်ရှိနေတယ်လို့ ဆိုပါတယ်။     

ထိုင်းနိုင်ငံကတော့ ကမ္ဘာ့နိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံးအဆင့် ၄၇ မှာ ရှိနေပြီး သန်းချီကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေအဖြစ် အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေက ထိပ်ဆုံးမှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013