DVB Logo
Home
မြန်မာသတင်း
ကိုရိုနာ ဒယ်လ်တာမျိုးကွဲ လအနည်းငယ်အတွင်း ကြီးစိုးလာမည်ဟု WHO ကြေညာ
DVB
·
July 25, 2021
ကိုရိုနာ ဒယ်လ်တာမျိုးကွဲ လအနည်းငယ်အတွင်း ကြီးစိုးလာမည်ဟု WHO ကြေညာ
Donate to DVB

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရဲ့ အလွန်အမင်း ကူးစက်လွယ်တဲ့ ဒယ်လ်တာဗီဇမျိုးကွဲဟာ လာမယ့်လ နည်းနည်းအတွင်း ကူးစက်မှုတွေထဲမှာ အများဆုံးကြီးစိုးမယ့် ဗီဇမျိုးကွဲ ဖြစ်လာမယ်လို့ မျှော်လင့်ထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ဥရောပ ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန ECDC က ပူးတွဲကြေညာလိုက်ပါတယ်။

ဇွန် ၂၈ ရက်မှ ဇူလိုင် ၁၁ ရက်အတွင်း ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇတွေကို စစ်ဆေးပြီးစီးခဲ့ရာမှာ ဒယ်လ်တာ ဗီဇမျိုးကွဲက ဗီဇမျိုးကွဲ ၁၉မျိုးထဲမှ အဓိက ကူးစက်လွယ်တဲ့ ဗီဇမျိုးကွဲဖြစ်နေပြီး ကူးစက်မှု စုစုပေါင်းရဲ့ ၆၈ ဒသမ ၃ ရာခိုင်နှုန်း ရှိနေတယ်လို့ ကြေညာချက်က ဆိုပါတယ်။

လက်ရှိကူးစက်မှု အခြေအနေအရဆိုရင် ဒယ်လ်တာ ဗီဇမျိုးကွဲဟာ လာမယ့် လနည်းနည်းအတွင်း ဥရောပတိုက်က နိုင်ငံအားလုံးမှာ တွေ့ရတဲ့ အဓိကကြီးစိုးတဲ့ ဗီဇမျိုးကွဲ  ဖြစ်လာမယ်လို့ ဆိုပါတယ်။

 ပိုပြိုင်ဆိုင်မှု အားကောင်းတဲ့ ဗီဇမျိုးကွဲသစ်တွေ ထွက်မလာခဲ့ရင် ဒယ်လ်တာ ဗီဇမျိုးကွဲဟာ ဆက်လက် ကူးစက်နေပြီး တခြားဗီဇမျိုးကွဲတွေ နေရာမှာ အစားထိုးဝင်လာမယ်လို့လည်း ကြေညာချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013