မြင်းခြံအဖြူရောင်လက်များပရဟိတအသင်း ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်
DVB
·
July 25, 2021
မြင်းခြံမြို့နယ် အဖြူရောင်လက်များပရဟိတအသင်း ဥက္ကဋ္ဌ ကော်မတီ ဥက္ကဋ္ဌ ဦးအေးချမ်းနိုင် ဇူလိုင် ၂၅ ရက်မနက် က ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
အသင်းတာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ဥက္ကဋ္ဌကြီး ဦးအေးချမ်းနိုင် ကိုဗစ်ရောဂါကူးစက်ခံရပြီး ကုသနေရာက ဒီနေ့ မနက် ၁၀ နာရီလောက်ကပဲ ကွယ်လွန်သွားပါပြီ၊ ဆူးဖြူကုန်းသုသာန်မှာ သင်္ဂြိုဟ်မှာပါ” လို့ ပြောပါတယ်။
ဇူလိုင် ၂၂ ရက်နေ့ကလည်း အဖြူရောင်လက်များအသင်း ဒုဥက္ကဋ္ဌရဲ့ ဇနီးဖြစ်သူ ကိုဗစ် ကူးစက်ခံရပြီး ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။