DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်မြို့တွင် ပိုးတွေ့အတည်ပြုလူနာ စံချိန်တင်တွေ့ရှိ၊ စစ်ရှောင်စခန်းများ ပါ၀င်လာ
DVB
·
July 25, 2021
ဝိုင်းမော်မြို့တွင် ပိုးတွေ့အတည်ပြုလူနာ စံချိန်တင်တွေ့ရှိ၊ စစ်ရှောင်စခန်းများ ပါ၀င်လာ
1 / 5
Donate to DVB

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၂၄ ရက်နေ့က တစ်ရက်တည်း ပိုးတွေ့အတည်ပြုလူနာ ၅၇ ယောက်ထိ စံချိန်တင်တွေ့ရှိခဲ့ပြီး IDPs စစ်ရှောင်စခန်းတွေလည်း ပါ၀င်လာခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာန တာ၀န်ရှိသူတွေဆီက သိရပါတယ်။

လူဦးရေ စုစုပေါင်း ၉၁ ယောက်ကို စစ်ဆေးရာမှာ ၅၇ ယောက်ထိစံချိန်တင်တွေ့ရှိခဲ့တာဖြစ်ပြီး အများစုက ဖျားနာ အနံ့ပျောက်တာကြောင့် လာရောက်စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

အခုလို စံချိန်တင်တွေ့ရှိမှုကြောင့် ဝိုင်းမော်မြို့မှာ ကိုဗစ်တတိယလိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာစုစုပေါင်း ၂၉၈ ယောက်ထိတွေ့ရှိလာခဲ့ပြီဖြစ်ကာ ၈ ဦးသေဆုံးခဲ့ပါတယ်။ 

ပိုးတွေ့လူနာများလာတာနဲ့အမျှ ဆေးရုံအပြင် မြို့နယ်မိုးလုံလေလုံအားကစားရုံမှာလည်း သတ်မှတ် လူနာဦးရေ ၆၀ ပြည့်သွားတာကြောင့် လော်ဝေါ်ရိုးရာယဉ်ကျေးမှု ခန်းမဆောင်မှာ တိုးချဲ့ လက်ခံကုသနေရတယ်လို့ မြို့နယ်ဆေးရုံအုပ် ဒေါက်တာသိန်းမြို့ဆီက သိရပါတယ်။

မိုင်းနား KBC စစ်ရှောင်စခန်းက သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးလည်း ကိုဗစ်ပိုးတွေ့ရှိပြီးနောက် စစ်ရှောင်စခန်းအတွင်း ပိုမိုကူးစက်မှု များလာမှာကို စိုးရိမ်နေကြပါတယ်။ 

စစ်ရှောင်ကိုဗစ်ကာကွယ်‌ရေးကော်မတီဝင်တဦးက “စခန်းက လွန်ခဲ့တဲ့ ဇူလိုင် ၂၁ ကတည်းက လော့ဒေါင်းချထားတာ ဟုတ်တယ်။ စခန်းမှာက လူအများ အုပ်လိုက်နဲ့ နေကြတာ။ ခုလို ပိုးစတွေ့တာကြောင့် ထိတွေ့မှုတွေကများတော့ ပိုးတွေ့လူနာတိုးလာပြီး အစစအရာရာခက်ခဲလာနိုင်တယ်။”

ဝိုင်းမော်မြို့နယ်မှာ စစ်ရှောင်စခန်းစုစုပေါင်း ၁၃ ခုနဲ့ စစ်ရှောင်ဦးရေ ၈၀၀၀ ကျော် အထိ‌ရှိတယ်လို့ အကူအညီပေးနေတဲ့အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ကိန်းဂဏန်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013