DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် အမှုရင်ဆိုင်နေသည့် အချုပ်သား ၁၃၀ ကျော် ထပ်လွှတ်ပေး
DVB
·
July 24, 2021
မွန်ပြည်နယ်တွင် အမှုရင်ဆိုင်နေသည့် အချုပ်သား ၁၃၀ ကျော် ထပ်လွှတ်ပေး
Donate to DVB

မွန်ပြည်နယ်မှာ အမှုရင်ဆိုင်နေရတဲ့ အချုပ်သား ၁၃၀ ကျော်ကို ဇူလိုင် ၂၃ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံလွှတ်ပေးခဲ့တယ်လို့ ပြည်နယ်အကျဉ်းဦးစီးဌာနက တာဝန်ရှိတစ်ဦးက DVB ကို ပြောပါတယ်။

ပြန်လွှတ်ပေးခဲ့တဲ့ အချုပ်သား ၁၃၄ ဦးထဲမှာ လောင်းကစားမှု၊ ခိုးမှုနဲ့ မူးယစ်ဆေးဝါးအမှုတွေ ရင်ဆိုင်နေရတဲ့သူတွေ အများစု ပါဝင်တယ်လို့ ဆိုပါတယ်။

အချုပ်သားတွေကို ပြန်လွှတ်ပေးရာမှာ ကိုဗစ်ရောဂါပိုး ရှိ မရှိ မစစ်ဆေးဘဲ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အကျဉ်းထောင်ဘက်ကတော့ အချုပ်သားတွေကို အချုပ်ထောင်ထဲ မထည့်ခင်ကတည်းက ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီးမှ သွင်းနေတာလို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိ မွန်ပြည်နယ်အတွင်းက အချုပ်ထောင်၊ အကျဉ်းထောင်နဲ့ ဗဟိုအကျဉ်းထောင်တွေထဲမှာ ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှု မရှိသေးဘူးလို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းက အကျဉ်းထောင်တွေမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ မရှိကို DVB က ဆက်လက်စုံစမ်းနေပါတယ်။

ဇူလိုင် ၂၂  ရက်နေ့ကလည်း အမှုရင်ဆိုင်နေရတဲ့ အချုပ်သား ၁၀၃ ဦး ပြန်လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013