DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၄၀၀၀ ကျော် နှစ်ရက်ဆက်တိုက် စံချိန်တင်
DVB
·
July 24, 2021
ထိုင်းတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၄၀၀၀ ကျော် နှစ်ရက်ဆက်တိုက် စံချိန်တင်
Donate to DVB

ထိုင်းနိုင်ငံမှာ တရက်တည်း စံချိန်တင် ရောဂါကူးစက်မှုအသစ် ၁၄,၂၆၀ ယောက် ရှိခဲ့ပြီး ဒါဟာ ၂ ရက်ဆက်တိုက် ပိုးတွေ့လူနာ ၁၄,၀၀၀ ကျော်လာခဲ့တာဖြစ်တယ်လို့ ထိုင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၇,၆၃၇ ယောက် ရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၁၁၉ ယောက် ရှိခဲ့ပါတယ်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၄၈၁,၉၆၇ ယောက်နဲ့ သေဆုံးသူပေါင်း ၃,၉၃၀ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ အ ရေအတွက်ကတော့ ၃၀၄,၂၄၄ ယောက်နဲ့ ၄၈,၆၃၅ ယောက်ကတော့ ဒုတိယအကြိမ် ထိုးနှံခဲ့ကာ နိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၁၅ ဒသမ ၇၄ သန်းကျော် ရှိနေ ပြီ ဖြစ်ပါတယ်။

Worldometer အင်တာနက်စာမျက်နှာပေါ်မှာတော့ လက်ရှိအချိန်ထိ ကမ္ဘာတဝန်း ကိုဗစ် -၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၉၄ သန်းကျော်လာခဲ့ပြီလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေထဲက ၁၇၆ ဒသမ ၁၃ သန်းကတော့ ရောဂါ ပြန်လည်ပျောက်ကင်းသက်သာလာပြီး ၁၃ ဒသမ ၇၅ သန်းကတော့ ဆေးကုသမှု ခံယူနေ ဆဲဖြစ်ကာ သေဆုံးသူပေါင်း ၄ ဒသမ ၁၆ သန်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။      

ထိုင်းနိုင်ငံကတော့ ကမ္ဘာ့နိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံးအဆင့် ၄၇ မှာ ရှိနေပြီး သန်းချီကူးစက်မှု အမြင့်ဆုံးနိုင်ငံတွေအဖြစ် အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေက ထိပ်ဆုံးမှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013