DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီသစ်သီးစက်ရုံတွင် ရွှေ့ပြောင်းလုပ်သား ၁၄၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
July 23, 2021
ကန်ကျနပူရီသစ်သီးစက်ရုံတွင် ရွှေ့ပြောင်းလုပ်သား ၁၄၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ထာ့မကာမြို့နယ် ရှဲန်တော်အုပ်စုရှိ ဗီတာဖုဒ် (Vita Food) သစ်သီးဝလံစက်ရုံမှာ ရွှေ့ပြောင်းအလုပ်သမား ၁၄၁ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင်က အလုပ်သမား ၄၉ ဦးဆီမှာ ပိုးတွေ့ပြီးတဲ့နောက် ကျန်လုပ်သား ၄၁၄ ဦးကို စစ်ဆေးရာမှာ ဇူလိုင် ၂၁ ရက်နေ့မှာ နောက်ထပ် ၁၄၁ ဦး ကူးစက်ခံထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ 

 ဒါ့ကြောင့် အဆိုပါ အနီးနားတဝိုက်ရှိ စက်ရုံအလုပ်ရုံပေါင်း ၇ ခု ကို ပိတ်ထားဖို့  စက်ရုံနဲ့တကွ  အနီးနားရှိ ဟွာဖုန်းရပ်ကွက်ကိုလည်း ၁၄ ရက်တာ အဝင်အထွက်ကန့်သတ်ထားဖို့ ကန်ကျနပူရီ ခရိုင်ဝန်က ညွှန်ကြားထားပါတယ်။ 

စက်ရုံ ၇ ခုနဲ့ ဟွာဖုန်းရပ်ကွက်က လူဦးရေစုစုပေါင်း ၂၀၀၀ ကျော်ရှိပြီး ထွက်ပြေးလို့မရနိုင် အောင်လည်း လုံခြုံရေးချထားတယ်လို့ ဆိုပါတယ်။ 

ဖရူဒီ ဒရွိုင်း (Fruity Dry) စက်ရုံက အလုပ်သမားပေါင်း ၁၁၀၀ ကို ကိုဗစ်-၁၉ စစ်ဆေးပေမယ့်ကိုယ်ရေးအချက်အလက်မေးမြန်းရာမှာ အလုပ်သမားတွေဟာ ထိုင်းစကားမပြော တတ်ကြောင်း၊ ဘာသာပြန်ကနေတဆင့် ဖြေဆိုနေရလို့ ၁ ပတ်လောက်ကြာမှပြီးမယ်လို့   လူထုကျန်းမာရေးဌာနက ပြောပါတယ်။ 

ဇူလိုင် ၂၂ ရက်နေ့မှာ စက်ရုံအနီးပတ်ဝန်းကျင်ရပ်ကွက်က ထိုင်းလူမျိုး ၇၀၀ ကျော်ကို စစ်ဆေးထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ် ။ 

အဆိုပါ စက်ရုံတွေမှာ အများစုက မြန်မာအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

ကိုးကား -     https://www.khaosod.co.th/covid-19/news_6523339

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013