DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်တွင်း နိုင်ငံရေးသမားများထားသည့် သီးသန့်ထောင်၌ ဆန္ဒပြ (ရုပ်သံ)
DVB
·
July 23, 2021
အင်းစိန်ထောင်တွင်း နိုင်ငံရေးသမားများထားသည့် သီးသန့်ထောင်၌ ဆန္ဒပြ (ရုပ်သံ)
1 / 2
Donate to DVB

ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင်းက နိုင်ငံရေးသမားတွေကိုထားတဲ့ သီးသန့်ထောင်မှာ  ဇူလိုင် ၂၃ ရက် မနက် ၉ နာရီဝန်းကျင်လောက်က နိုင်ငံရေးကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပြီး ထောင်ဝင်းအတွင်းကို စစ်ကားတွေ ဝင်ရောက်လာတယ်လို့ ထောင်ဝန်ထမ်းတချို့က အတည်ပြု ပြောပါတယ်။

အင်းစိန်ထောင်အတွင်းက သီးသန့်ထောင်ဟာ ထောင်အသေးစားတစ်ခုဖြစ်ပြီး စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတဲ့လူငယ်တွေနဲ့ အဖမ်းခံရတဲ့ CDM ဝန်ထမ်းတွေကို ထားတဲ့နေရာဖြစ်ပါတယ်။

ထောင်တွင်း ဆန္ဒပြသူတွေက “ဒီမိုကရေစီရရှိရေး၊ မတရားမှုမှန်သမျှ ဆန့်ကျင်ကြ၊ သပိတ်..သပိတ် မှောက်မှောက်၊ အရေးတော်ပုံ........အောင်ရမည်” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာလို့ အဲဒီအနီးနားပြည်သူတွေဆီက သိရပါတယ်။ 

ဒီကိစ္စ ထောင်အရာရှိကိုဆက်သွယ်ရာမှာတော့ မအားမလပ်ဖြစ်နေတဲ့အတွက် ဖြေဆိုနိုင်ခြင်းမရှိသေးဘူးလို့ တုံ့ပြန်ပါတယ်။

ထောင်ဆူပူမှု သဘောအရ တစ်နေရာဆူရင် တစ်ထောင်လုံးကို ပျံ့နှံ့တတ်တဲ့ သဘောရှိတဲ့အတွက် ဝန်ထမ်းတွေ မအားလပ်တာလို့ အင်းစိန်ထောင်ကို အဝင်အထွက်ရှိနေတဲ့ ရှေ့နေတစ်ယောက်ကပြောပါတယ်။

"ခိုးဆိုးတွေကို  လွှတ်ပြီးတော့ ၅၀၅ တွေကို မလွှတ်တာက သိပ်သဘာဝမကျဘူးလို့ သူတို့က ယူဆမှာပဲ။ အဲ့ဒီတော့ဆူမှာပဲ အထဲက နိုင်ငံရေးသမားတွေက။ နောက်တစ်ချက်က ဒီနေ့ ဇူလိုင် ၂၃ ရက်နေ့က ICJ ကိုသွားရမယ့်နေ့။ နိုင်ငံရေးသမားတွေက  လှုပ်ရှားမှုရှိမှာပဲ။ ကျနော်မျှော်လင့်ထားပြီးသားပါ" လို့ ရှေ့နေ ဉီးခင်မောင်မြင့်ကပြောပါတယ်။ 

ဇူလိုင် ၂၂ ရက်နေ့တုန်းက ခိုးဆိုးမူးယစ်မှုတွေနဲ့ အဖမ်းခံထားရတဲ့ အချုပ်သား ၁၀၀၀ ကျော်ကို  အင်းစိန်ထောင်ကလွှတ်ပေးဖို့ စီစဉ်နေပြီး အသုတ်လိုက်လွှတ်ပေးနေတယ်လို့ ရန်ကုန်တိုင်းအကျဉ်းဉီစီးဌာန ညွှန်ကြားရေးမှူး ဉီးဇော်ဇော်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ထောင်အတွင်းဆန္ဒပြမှုတွေ တိတ်ဆိတ်သွားပြီး ဘာအသံမှ မကြားရတော့ဘဲ ထောင်တွင်းကို စစ်ကားတွေ ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။ အကျဉ်းဦးစီးဌာန တာဝန်ရှိသူကလည်း ထိန်းထားနိုင်ပြီလို့ ပြောပေမဲ့ ဒီဗွီဘီက အသေးစိတ်မေးမြန်းလို့ မရခဲ့ပါဘူး။

အင်းစိန်ထောင်ထဲမှာလည်း အချုပ်သားတွေရော၊ အကျဉ်းသားတွေပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ထောင်တွင်း ဖမ်းဆီးခံထားရတဲ့ အန်အယ်လ်ဒီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကိုဗစ်-၁၉ ရောဂါနဲ့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံတဝန်း ပြည်သူ ၆၈၇၁ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၃၃၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013