DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်က အချုပ်သား ၁၀၀၀ ကျော် ပြန်လွှတ်ပေးမည်
DVB
·
July 22, 2021
အင်းစိန်ထောင်က အချုပ်သား ၁၀၀၀ ကျော်  ပြန်လွှတ်ပေးမည်
1 / 4
Donate to DVB

ရန်ကုန် အင်းစိန်ထောင်ကနေ အချုပ်သား ၁၀၀၀ ကျော်ကို  ဇူလိုင် ၂၂ ရက် ဒီနေ့မှာ ပြန်လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းအကျဉ်းဉီးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

"လွှတ်ဖို့ရှိပါတယ်။ အတိအကျတော့ပြောလို့မရသေးဘူး။ စာရင်းကတော့ ရဲက စိစစ်ပြီးတော့မှ ပို့ပေးတာကို လွှတ်ပေးသွားပါမယ်။ တသုတ်ချင်းတသုတ်ချင်း စိစစ်ပြီးတော့မှ လွှတ်ပေးပါမယ်။ အကြမ်းဖျင်း တစ်ထောင်ကျော်လောက်တော့ရှိမှာပေါ့" လို့ ဦးဇော်ဇော်က ပြောပါတယ်။

အချုပ်သားတွေကို ပြန်လွှတ်ပေးဖို့ အင်းစိန်ထောင်ဝင်းထဲကို YBS ကားကြီးတချို့ရောက်ရှိနေပြီး ကိုဗစ်စည်းကမ်းတွေနဲ့အညီဆောင်ရွက်ထားတာရှိမရှိကို မေးမြန်းရာမှာတော့ "အလုပ်မအားသေးလို့ပြန်မဖြေနိုင်သေးဘူး" လို့ အင်းစိန်ထောင်တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင် ဖမ်းဆီးတရားစွဲခံထားရတဲ့အချုပ်သားတွေထဲက နာကျင်စေမှုပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံရသူတွေ၊ လောင်းကစားမှု၊ ယစ်မျိုးဉပဒေအမှု၊ မူးယစ်အမှု၊ လက်နက်ဉပဒေ၊ ပြည့်တန်ဆာ ဉပဒေ၊ ရဲအက်ဉပဒေ၊ ရုပ်မြင်သံကြားနဲ့ဗီဒီယိုဉပဒေတွေနဲ့ ဖမ်းဆီးတရားစွဲခံရသူတွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီက ဇူလိုင် ၂၀ရက်နေ့က အမိန့်စာထုတ်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက အင်းစိန်ထောင်တွင်းမှာ အထူးတရားရုံး ၃၈ရုံး၊ စစ်ခုံရုံး ၆ ရုံးဖွင့်လှစ်ခဲ့ပြီး ၅၀၅(က) နဲ့ အဖမ်းခံရသူတွေကို စစ်ဆေးခဲ့ပါတယ်။

ဇူလိုင် ၅ ရက်နေ့မှာတော့ ကိုဗစ်တတိယလှိုင်းကြောင့် ထောင်တွင်း တရားရုံးတွေကို ရပ်နားခဲ့ပြီး ဇူလိုင် ၈ ရက်နေ့ကစပြီး အင်းစိန်ထောင်ကို Lock Down ချခဲ့ပါတယ်။

အင်းစိန်ထောင်အပါအဝင် မြန်မာနိုင်ငံက ဗဟိုအကျဉ်းထောင်ကြီးတွေဟာ အကျဉ်းသား အချုပ်သား ကျားမ စုစုပေါင်း ၅၀၀၀ အထိပဲထားဖို့ အဆောက်အဦးတွေ တည်ဆောက်ထားတာဖြစ်ပါတယ်။ ပုဒ်မ ၅၀၅(က) တွေထပ်ရောက်လာတဲ့အခါ ယခင်ရှိပြီးသားလူတွေနဲ့ပေါင်းရင် အကျဉ်းသား ၁၂၀၀၀ ဝန်းကျင်အထိ ထိန်းသိမ်းနေရတာဖြစ်ပါတယ်။

အင်းစိန်ထောင်ထဲမှာလည်း အချုပ်သားတွေရော အကျဉ်းသားတွေပါ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်က အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ အန်အယ်လ်ဒီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013